Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အဖေဖြစ်သူကို Ford ကားတစ်စီးလက်ဆောင်ပေးပြီး အံ့သြအောင်ပြုလုပ်ခဲ့တဲ့ The Rock

အဖေဖြစ်သူကို Ford ကားတစ်စီးလက်ဆောင်ပေးပြီး အံ့သြအောင်ပြုလုပ်ခဲ့တဲ့ The Rock

| No comment

မင်းသားကြီး Dwyane The Rock Johnson ကတော့ ခရစ္စမတ်လက်ဆောင်အဖြစ် ဖခင်ဖြစ်သူကို ကားတစ်စီးလက်ဆောင်ပေးပြီး အံ့သြသွားအောင် ပြုလုပ်ပေးခဲ့ပါတယ်။ ဖခင်ဖြစ်သူ Rocky Johnson ကတော့ သူ့သားဆီကနေ ထင်မှတ်မထားတဲ့ လက်ဆောင်ရရှိခဲ့တာကြောင့် ဝမ်းသာပီတိဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အခုလို လက်ဆောင်ပေးခဲ့တာကိုတော့ The Rock က သူ့ရဲ့ Instagram အကောင့်မှာ ဓာတ်ပုံလေးတင်ထားခဲ့ပါတယ်။

ဒီဓာတ်ပုံကိုအခုလိုမျိုးပဲ တင်ထားခဲ့သလိုပဲ The Rock ဟာ သူ့ရဲ့ ရင်နင့်ဖွယ် ငယ်ဘဝဇာတ်ကြောင်းကိုလည်း ဖွင့်ဟခဲ့ပါတယ်။

“ကျွန်တော် အဖေ့ကို လက်ဆောင်ပေးပြီး Surprise လုပ်ပေးခဲ့ပါတယ်။ သူ့ရဲ့ ဘဝက ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ သူ့အသက် ၁၃ နှစ်သားအရွယ်မှာ သူ့ရဲ့ အမေ (The Rock ရဲ့ အဘွားဖြစ်သူ) က နောက်အိမ်ထောင်အနေနဲ့ တူရကီလူမျိုးတစ်ယောက်နဲ့ အတူနေခဲ့ပါတယ်။ အဲ့ဒီလူက အရမ်းကို ဆိုးသွမ်းခဲ့ပြီး အဘွားရော သူ့ကိုပါ ဒုက္ခပေးခဲ့ပါတယ်။ ဒါနဲ့ ခရစ္စမတ်တစ်ညမှာ အဲ့လူနဲ့ကျွန်တော့်အဖေ ရန်ဖြစ်ခဲ့ပြီး ကျွန်တော့်အဖေက မကျေနပ်လို့ နှင်းထဲမှာ သူ့ကို သတ်မယ်ဆိုတဲ့စာကို ရေးခဲ့ပါတယ်။ ဒါကို သူ့ပထွေးကမြင်သွားတော့ သူ့ကို နှင်းတောထဲမှာ တစ်ညလုံးအပြင်ထုတ်ထားခဲ့ပါတယ်။ ”

“ဒါကို သူ့အမေကသိသွားတဲ့အချိန်မှာလည်း သူ့ကို အိမ်ကနေ နှင်ထုတ်လိုက်ပြီး ၁၃ နှစ်နဲ့ အိမ်ခြေယာမဲ့ဖြစ်ခဲ့တာပါ။ ဒီလို ပုံပြင်ကတော့ ကနေဒါက အမ်းဟတ်စ်မှာ ၁၉၅၄ တုန်းက တကယ်ဖြစ်ခဲ့တာပေါ့။” လို့ မင်းသားကြီး Dwyane The Rock Johnson က ပြောပြခဲ့ပါတယ်။

ဒါ့ကြောင့် The Rock ဟာ သူ့အဖေရဲ့ မလှမပဖြစ်ခဲ့တဲ့ ခရစ္စမတ်ကို ကားတစ်စီးလက်ဆောင်ပေးပြီး သီးသန့်ပျော်ရွှင်သွားအောင် ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ The Rock ရဲ့ ကြိုးစားမှုနဲ့ မိသားစုအပေါ် သိတတ်တဲ့ စိတ်ကတော့ အားလုံးအတွက် အတုယူစရာပါပဲ။

( Mocha )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : popsugar