Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , အချစ်ရေးအဆင်မပြေတဲ့ G-Dragon အကြောင်း Big Bang အဖွဲ့သားများဖော်ထုတ်

အချစ်ရေးအဆင်မပြေတဲ့ G-Dragon အကြောင်း Big Bang အဖွဲ့သားများဖော်ထုတ်

| No comment


Big Bang အဖွဲ့သားများက G-Dragon ကို အချစ်ရေးအဆင်မပြေတဲ့သူအဖြစ် စွပ်စွဲခဲ့ကြပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်လွှင့်တဲ့ MBC ‘Radio Star’ အစီအစဉ်မှာ Big Bang အဖွဲ့သားတွေက အချစ်ရေးအဆင်မပြေတဲ့အတွက် စနောက်ခဲ့ကြပါတယ်။ Taeyang က “G-Dragon က ချိန်းတွေ့ဖို့အတွက် အကြံဉာဏ်တွေပေးတတ်ပေမယ့် သူကိုယ်တိုင်တော့ အဆင်မပြေဘူး” လို့ ပြောပြခဲ့ပါတယ်။

Taeyang က G-Dragon ပေးတဲ့ အကြံဉာဏ်ကို Min Hyo Rin နှင့်တွဲတဲ့နေရာမှာ အသုံးချကြည့်ပုံကို “သူက အကြံပေးကောင်းပေမယ့် တကယ်တော့ အသုံးမဝင်ပါဘူး။ သူပြောသလိုလိုက်လုပ်မှ ကျွန်တော့်ဆက်ဆံရေး ပိုဆိုးလာတယ်” လို့ပြောပါတယ်။

Seungri က “သူ့ကိုယ်ပိုင် အချစ်ရေးက အဓိပ္ပာယ်ကို မရှိဘူး။ Big Bang သီချင်းတွေအကုန် အဆွေးသီချင်းဖြစ်နေရတာက G-Dragon ရဲ့ အချစ်ရေးမှာ ကျရှုံးခဲ့တာကြောင့်ပဲ” လို့စွပ်စွဲပြန်ပါတယ်။


T.O.P ကလည်း “ပွင့်ပွင့်လင်းလင်းပြောရရင် Big Bang ထဲမှာ သာမန်ချိန်းတွေ့တတ်တဲ့သူ တစ်ယောက်မှမရှိဘူး” လို့ပြောတော့ ငါက ချိန်းတွေ့တဲ့နေရာမှာ အရမ်းတော်ပါတယ်လို့ G-Dragon က ခုခံပြီးပြန်ပြောခဲ့ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : allkpop