Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Harry Styles ပါဝင်တဲ့ Dunkirk ရုပ်ရှင်ဇာတ်လမ်းနမူနာ ထွက်ရှိ

Harry Styles ပါဝင်တဲ့ Dunkirk ရုပ်ရှင်ဇာတ်လမ်းနမူနာ ထွက်ရှိ

| No comment



ဒါရိုက်တာ Christopher Nolan က အားလပ်ရက်အမီ ရုပ်ရှင်ကြည့်ပရိတ်သတ်တွေနှင့် One Direction ပရိသတ်တွေအတွက် ဇာတ်လမ်းနမူနာ ထုတ်ပေးလိုက်ပါတယ်။

The Dark Knight ဒါရိုက်တာရဲ့ Dunkirk ဇာတ်လမ်းနမူနာထဲတွင် ဇူလိုင်လ ၂၁ ရက်မှာ ထွက်ရှိမည့် ဒုတိယကမ္ဘာစစ်ဇာတ်လမ်းကို အသစ်အဆန်ပုံစံ တင်ဆက်ပြထားပါတယ်။ ဒီဇာတ်လမ်းထဲမှာ မဟာမိတ်တွေအတွက် အရေးပါဆုံး အခိုက်အတန့်တစ်ခုဖြစ်တဲ့ Dunkirk ကို စွန့်ခွာလာတဲ့ အချိန်အတွင်းမှာ One Direction အဖွဲ့ဝင် Harry Styles နှင့် သရုပ်ဆောင်သစ် Fionn Whitehead တို့ပါဝင်တဲ့ လူငယ်စစ်တပ်တစ်ဖွဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။


ဂျာမန်စစ်သားတွေက ဥရောပကို ချီတက်လာတဲ့အချိန်မှာ ဗြိတိန်၊ ဘယ်ဂျီယံနှင့် ပြင်သစ်တပ်တွေဟာ Dunkirk ကမ်းခြေကို တွန်းပို့ခြင်းခံခဲ့ရပါတယ်။မဟာမိတ်တွေရဲ့ အံ့ဖွယ်ကြိုးပမ်းမှုနှင့် Hitler ရဲ့ ဗျူဟာညံ့ဖျင်းမှုတွေကြောင့် စစ်သားပေါင်း ၃၀၀,၀၀၀ ကျော် လွတ်မြောက်ခဲ့ပါတယ်။

Dunkirk ဇာတ်ကားကတော့ ၂၀၁၄ ခုနှစ်က ထွက်ခဲ့တဲ့ Interstellar အပြီးမှာ Nolan ရဲ့ တစ်ကျော့ပြန်လာခြင်းပဲဖြစ်ပါတယ်။ ဒီစစ်ဇာတ်လမ်းဟာ သူ့အတွက်တော့ ပမာဏအရရော ပါဝင်တဲ့လူပိုအရေအတွက်အရရော အကြီးမားဆုံး ပရောဂျက်တစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားကို extra large 65 mm stock နှင့်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။



( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW