Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ပရိသတ်တွေနဲ့ တွေ့ဆုံမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်လို့ ဒေါ်လာ ၅၀၀၀ ဒဏ်တပ်ခံလိုက်ရတဲ့ JB

ပရိသတ်တွေနဲ့ တွေ့ဆုံမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်လို့ ဒေါ်လာ ၅၀၀၀ ဒဏ်တပ်ခံလိုက်ရတဲ့ JB

| No comment

ဂျက်စတင်ဘီဘာကတော့ ပရိသတ်တွေနဲ့ တွေ့ဆုံမယ့် (Meet and Greet) အစီအစဉ်ကို ဖျက်သိမ်းလိုက်တာကြောင့် ဒဏ်ကြေးငွေ ဒေါ်လာ ၅၀၀၀ ပေးဆောင်လိုက်ရတယ်လို့ သိရပါတယ်။

ဇူလိုင်လအတွင်းက မိုင်ယာမီမှာ ဖျော်ဖြေခဲ့တဲ့ Purpose အယ်လ်ဘမ် Tour မှာ ဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်တာဖြစ်ပြီး မကျေနပ်တဲ့ ပရိသတ်ရဲ့ မိဘတစ်ယောက်က တရားလို ပြုလုပ်ပြီး တိုင်ကြားခဲ့တာကြောင့် အခုလိုပဲ နစ်နာကြေးပေးဆောင်လိုက်ရတာပါ။

တိုင်ကြားချက်အရတော့ Matthai လို့အမည်ရတဲ့ မိဘဟာ သူ့သမီး Gabriella နဲ့အတူ JB ရဲ့ ရှိုးပွဲကို ကြည့်ဖို့အတွက် လက်မှတ်ခချည်းပဲ ဒေါ်လာ ၁၈၅၀ ကျော် အသုံးပြုခဲ့ရပါတယ်။ သူတို့နှစ်ယောက်လုံးက ဒေါ်လာ ၂၀၀ ခုံတန်းကနေ ကြည့်ရှုခဲ့ကြပြီး ကျန်တဲ့ပိုက်ဆံတွေကိုတော့ JB ရဲ့ meet and greet အစီအစဉ်အတွက် လက်မှတ်ဝယ်ပြီး သုံးစွဲခဲ့ကြတာပါ။

 ဒါပေမယ့်လည်း ဂျက်စတင်ဘီဘာက ဒီအစီအစဉ်ကို ဖျက်လိုက်ပြီး ပရိသတ်တွေကို ငွေပြန်အမ်းပေးခဲ့ပါတယ်။

ကျေနပ်ခြင်းမရှိခဲ့တဲ့ Matthai ကတော့ အချိန်နဲ့ အလုပ်ကို မလေးစားလုပ်တဲ့ JB ကို ဒေါသထွက်ပြီး ဖလော်ရီဒါတရားရုံးကို တိုင်ကြားခဲ့ပါတယ်။ ဒါ့ကြောင့် တရားရုံးက နစ်နာကြေးအနေနဲ့ ဒေါ်လာ ၅၂၀၀ ကျော် ပြန်ပေးခဲ့ပြီး ကျေအေးခဲ့တယ်လို့ သိရပါတယ်။

JB ဟာ ပရိသတ်တွေနဲ့ တွေ့ဆုံမယ့် “Meet and Greet” အစီအစဉ်တွေကို ဖျက်သိမ်းခဲ့တာဟာ ယခုတစ်ခါတည်းတင်မကပဲ Purpose Tour တစ်လျှောက် တော်တော်များခဲ့တာပါ။ JB ကတော့ စိတ်ရောကိုယ်ပါ ပင်ပန်းနေတာကြောင့် ဒီလိုလုပ်ရတာဖြစ်ကြောင့် သူ့ Instagram အကောင့်မှာ ပြောပြထားခဲ့ပါတယ်။

( Mocha )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Aceshowbiz