Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Justin Bieber ရဲ့မန်နေဂျာနဲ့ စာချုပ်ချုပ်ပြီး ပွဲဦးထွက် ခရစ်စမတ် သီချင်းထွက်လာတဲ့ Cruz Beckham

Justin Bieber ရဲ့မန်နေဂျာနဲ့ စာချုပ်ချုပ်ပြီး ပွဲဦးထွက် ခရစ်စမတ် သီချင်းထွက်လာတဲ့ Cruz Beckham

| No comment

သီဆိုထားတဲ့ သီချင်းအပိုင်းအစလေးတွေကို လပေါင်းများစွာ ချပြနေခဲ့ပြီး နောက် ဆုံးမှာတော့ ပွဲဦးထွက်သီချင်း ထွက်ရှိလာပြီဖြစ်တဲ့ Cruz Beckham ကို စင်မြင့်ပေါ်က ကြိုဆိုပါတယ်။

ပိုကောင်းတဲ့အချက်ကတော့ ၁၁ နှစ်သား Cruz ရွေးချယ်လိုက်တဲ့ ပွဲဦးထွက်သီချင်းက မူရင်း ခရစ်စမတ်သီချင်းဖြစ်နေတဲ့အတွက် ပရိသတ်တွေကို ခရစ်စမတ်နေ့ နံနက်ခင်းမှာ ပွဲတော်ရသအပြည့် ခံစားရစေမှာပါပဲ။

Capital Breakfast Show က အရင်ဆုံး လွှင့်ခဲ့တဲ့ "If Everyday Was Christmas" လို့အမည်ရတဲ့ ဒီသီချင်းကို Apple Music နှင့် Spotify တို့မှာ နားဆင်နိုင်ပြီဖြစ်ပါတယ်။ သီချင်းကရရှိတဲ့ အကျိုးအမြတ်တွေအကုန်လုံးက Make Some Noise ရန်ပုံငွေကို တိုက်ရိုက်ရောက်ရှိမှာဖြစ်တဲ့အတွက် Beckham လေးရဲ့ သီဆိုမှုစွမ်းရည်ကို ခံစားရင်း ရင်းနှီးမြှုပ်နှံရကျိုးနပ်မှာပါ။

Cruz ဆီကနေကြားရမှာ ဒီတစ်ခါတည်းတော့ မဟုတ်ပါဘူး။ သူက Justin Bieber နှင့် Arina Grande တို့ရဲ့ မန်နေဂျာလို့ လူသိများတဲ့ Scooter Braun နှင့် စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။

Scooter က စာချုပ်ချုပ်ဖို့ စိတ်ဝင်စားမှုပြသခဲ့ပြီနောက် Cruz က ဒီနှစ်အစောပိုင်းမှာ ဂစ်တာတီးသင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလည်းJB ရဲ့ "Home To Mama" သီချင်းကို ပြန်လည်သီဆိုပြီး Soundcloud မှာ တင်ခဲ့ပါသေးတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : MTV