Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဆံပင်ပုံစံသစ်နဲ့ လန်ပြန်ထွက်နေတဲ့ ရက်ပ်အဆိုတော် Kanye West

ဆံပင်ပုံစံသစ်နဲ့ လန်ပြန်ထွက်နေတဲ့ ရက်ပ်အဆိုတော် Kanye West

| No comment


မနေ့က နာမည်ကျော် ရက်ပ်ပါ Kanye West ကတော့ ရုပ်ရှင်ကြည့်ပြီး ပြန်ထွက်လာခဲ့ပါတယ်။ ဟောလီးဝုဒ်က Arclight ရုပ်ရှင်ရုံကနေ ပြန်ထွက်လာတဲ့ Kanye West ရဲ့ ပုံစံကတော့ အတော်လေးမိုက်ပါတယ်။ ဆံပင်ကို ပန်းရောင်နဲ့ ရွှေရောင်ကို တစ်ကွက်စီ ကာလာဖောက်ထားပြီး သူ့ပုံစံနဲ့ နည်းနည်းတော့ ကြောင်တောင်တောင် နိုင်နေသလိုဖြစ်နေပါတယ်။


နာမည်ကျော် Yeezy Brand ရဲ့ ထုတ်လုပ်သူ Kanye West ဟာ အပေါ်က အနွေးထည်ရှည်တစ်ထပ်နဲ့ စစ်ကွက် ဘောင်းဘီတို့နဲ့ စတိုင်လ်ကျကျ ဝတ်ဆင်ထားတာကိုတော့ တွေ့ရပါတယ်။

 သူ့ရဲ့ဥရောပ တစ်ပတ် Tour ပွဲတွေကို ကျန်းမာရေးအခြေအနေကြောင့် ဖျာ်ဖြေဖို့မသေချာဖြစ်နေတဲ့ Kanye West ဟာ လောလောဆယ်မှာတော့ ကိုယ်ရော စိတ်ပါ အေးဆေး အနားယူလျက်ရှိနေတယ်လို့ သိရပါတယ်။

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ Kanye West ကတော့ သူ့ရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်လျက်ရှိနေပြီး Yeezy Brand အတွက်လည်း အဝတ်အစားတွေ ထပ်ထုတ်နိုင်ဖို့ မျှော်လင့်လျက်ရှိနေပါတယ်။ Kanye ဟာ မကြာသေးခင်က အမေရိကန်ရဲ့ သမ္မတသစ် ဒေါ်နယ်ထရမ့်နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။


( Mocha )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Mirror