Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , LA မှာ ပါပရာဇီတွေကြောင့် ဒေါသပေါက်ကွဲလျက်ရှိနေတဲ့ ဂျက်စတင်ဘီဘာ

LA မှာ ပါပရာဇီတွေကြောင့် ဒေါသပေါက်ကွဲလျက်ရှိနေတဲ့ ဂျက်စတင်ဘီဘာ

| No comment

ဂျက်စတင်ဘီဘာတစ်ယောက်ကတော့ လော့စ်အိန်ဂျလိစ်မြို့မှာ နေထိုင်နေစဉ်အတွင်း ပါပရာဇီတွေကြောင့် စိတ်ပျက်လျက်ရှိနေပါတယ်။

ဘီဘာဟာ သူ့နောက်ကို တစ်ကောက်ကောင်လိုက်ပြီး အော်ဟစ်နေတဲ့ ပါပရာဇီတွေကို လိုက်ပြီး မနှောင့်ယှက်ဖို့အတွက် တောင်းပန်စကားတွေ ပြောကြားခဲ့တယ်လို့ သိရပြီး ပြီးခဲ့တဲ့ Purpose Tour မှာလည်း သူဟာ လိုက်နှောင့်ယှက်နေတဲ့ ပရိသတ်တွေကို အခုလိုပဲ အော်ဟစ် တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

ဘီဘာဟာ GYM တစ်ခုကနေ ပြန်ထွက်အလာ ကားပေါ်ပြန်တက်စဉ်မှာ ပါပရာဇီတွေက သူ့ရဲ့ ခွင့်ပြုချက်မရရှိဘဲ Snap ဓာတ်ပုံတွေကို ရိုက်ကူးခဲ့တာဖြစ်ပြီး ဘီဘာကတော့ အတော်လေးကို စိတ်ပျက်သွားပါတယ်။

ဘီဘာကတော့ ပါပရာဇီတွေကို “ခင်ဗျားတို့ကို ကျွန်တော် ချီးကျူးပါတယ်။ ဒါပေမယ့်အခုလို လျှပ်တစ်ပြက်ကြီးတော့ ဓာတ်ပုံတွေ မရိုက်သင့်ပါဘူး။။ ကျွန်တော့်ကို လှမ်းမအော်ကြပါနဲ့ ။ ကျွန်တော်တစ်ကယ်ပဲ စိတ်အနှောင့်အယှက်ဖြစ်နေလို့ပါ။ ခင်ဗျားတို့ရိုက်စရာရှိတာရိုက်ပြီး ကျွန်တော့်အနားမှာ မရှိသလိုပဲ နေပေးကြပါ။ ကျွန်တော်ေ-ာက်ရမ်း နေရခက်တယ်” လို့ ကားပေါ်ကနေ အော်ဟစ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့နေ့တွေမတိုင်ခင်မှာတော့ ဘီဘာဟာ ဆလီနာဂိုးမက်ဇ်နဲ့ တွဲနေတုန်းလားလို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ခံခဲ့ရပြီး ပြတင်းပေါက်ကနေ သူ့ကို ချောင်းရိုက်နေတဲ့ ပါပရာဇီတွေကို “လူလိုသိ” လို့ အော်ဟစ်ခဲ့တယ်လို့ သိရပါတယ်။

( Mocha )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Aceshowbiz