ပြတ်လိုက်ဆက်လိုက်နဲ့ Liam Hemsworth နဲ့ Miley Cyrus တို့ရဲ့ အချစ်ရေးကတော့ အခုအချိန်မှာ ပြန်ပြီး သာယာနေတဲ့ ပုံပါပဲ။
၂၀၁၆ အစောပိုင်းတည်းက နှစ်ယောက်လုံး ပြန်လည်လက်တွဲခဲ့ကြပေမယ့်လည်း သူတို့ရဲ့ နှစ်ယောက်တွဲရိုက်ထားတဲ့ ဓာတ်ပုံကတော့ မရှိသလောက်ရှားပါးခဲ့ပါတယ်။ အခု ခရစ္စမတ်ကာလမှာတော့ Liam က မိုင်လီနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို Instagram မှာ တင်ခဲ့ပြီး သူတို့ရဲ့ ပရိသတ်တွေကတော့ ဒီလိုပြန်တည်ငြိမ်သွားတဲ့ သူတို့အတွဲကို မြင်ပြီး ကျေနပ်လျက်ရှိနေကြတယ်လို့ သိရပါတယ်။
အသက် ၂၆ နှစ်အရွယ် မင်းသား Liam Hemsworth ကတော့ ခရစ်စမတ်ဆွယ်တာကို ဝတ်ဆင်ထားပြီး မိုင်လီလည်း ခရစ်စမတ်ဆွယ်တာနဲ့ လည်ပင်းမှာ မီးကြိုးတွေဆွဲထားပြီး အလုပ်ရှုပ်နေတာကိုတွေ့ရပါတယ်။ Liams ကတော့ သူ့ရဲ့ Instagram ဓာတ်ပုံကို Happy Birthday Jesus လို့ အညွှန်းရေးသားထားခဲ့ပြီး ခရစ်စမတ်အားလပ်ရက်မှာ အတော်လေးကို ပျော်ရွှင်နေကြပုံပါပဲ။
သူတို့နှစ်ယောက်ကတော့ ခရစ်စမတ်အားလပ်ရက်မတိုင်ခင်မှာလည်း မိသားစုတွေနဲ့ တွေ့ဆုံခဲ့ကြတယ်လို့ သိရပြီး အနေတည်တဲ့ Liam တစ်ယောက်ကတော့ အဲ့အချိန်တွေမှာ အမြဲပြုံးပျော်နေခဲ့တယ်လို့လည်း သိရပါတယ်။ သာယာတဲ့ အချစ်ရေးကို Liam နဲ့ မိုင်လီတို့ ပိုင်ဆိုင်နိုင်ကြပါစေ။
( Mocha )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : Aceshowbiz