Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Lord Of The Rings ရိုက်ကွင်းနောက်ကွယ်မှ ဓာတ်ပုံများကို Orlando Bloom မျှဝေ

Lord Of The Rings ရိုက်ကွင်းနောက်ကွယ်မှ ဓာတ်ပုံများကို Orlando Bloom မျှဝေ

| No comment


Orlando Bloom က Hobbits တွေကို Isengard ခေါ်သွားတာမဟုတ်ပေမယ့် ပရိသတ်တွေကိုတော့ Middle-Earth ကို ပြန်ခေါ်သွားပေးပါတယ်။ ဒီနှစ် ဒီဇင်ဘာဆိုရင် Peter Jackson ရဲ့ The Fellowship Of The Ring ဇာတ်ကားထဲမှာ Frodo Baggins က Shire ကနေ ပထမဆုံးထွက်လာခဲ့တာ ၁၅
နှစ်ပြည့်သွားပါပြီ။

 ပထမဆုံး Lord Of The Rings ဇာတ်ကားရဲ့ နှစ်ပတ်လည်ကိုေ အာင်ပွဲခံဖို့အတွက် Legolas ကိုယ်တိုင် ရိုက်ကွင်းနောက်ကွယ်မှ ဓာတ်ပုံများကို မျှဝေပေးခဲ့ပါတယ်။

ဇာတ်ကားရဲ့ တရားဝင်နှစ်ပတ်လည်ဖြစ်တဲ့ တနင်္လာနေ့မှာ Bloom က Instagram နှင့် Faceabook မှာ ဒါဇင်ကျော်တဲ့ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။ “လွန်ခဲ့တဲ့ ၁၅ နှစ် ဒီနေ့တုန်းက Lord Of The Rings Trilogy: The Fellowship Of The Ring ကို ရုံတင်ပြသခဲ့ပါတယ်။ ကျန်တာကတော့ ခင်ဗျားတို့ သိတဲ့အတိုင်း ရာဇဝင်ပါပဲ” လို့ Fellowship အဖွဲ့ဝင်ဟောင်းက Faceabook
မှာရေးသားခဲ့ပါတယ်။


Bloom ရဲ့ဓာတ်ပုံတွေကတော့ ရိုက်ကွင်းနောက်ကွယ်က လျှပ်တပြက်ရိုက်ချက်တွေ၊ ထုတ်လုပ်ရေးပုံတွေ၊ Bloom က Legolas ဝတ်စုံဝတ်ထားတဲ့ပုံတွေကနေ ရိုက်ကွင်းပြင်ပမှာ Billy Boyd (Peregrin Took) နှင့် Dominic Monaghan (Meriadoc Brandybuck) တို့နှင့် ရေလှိုင်းစီနေတဲ့ပုံတွေထိပါတဲ့ အစုအဝေးတစ်ခုပါ။

 Hobbits တွေဝတ်ဆင်ရတဲ့ ခြေတုကြီးကို အနီးကပ်ရိုက်ထားတဲ့ပုံ၊ Legolas ရဲ့ အပြာဖျော့ရောင် မျက်ကပ်မှန်နှင့် Bloom မြှားပစ်လေကျင့်နေတဲ့ပုံတွေလည်းပါပါတယ်။

ဓာတ်ပုံအများစုကတော့ Hobbits ၄ ယောက်နှင့် Gimli the dwarf (John Rhys-Davies) တို့ စတန့်ကိုယ်စားသရုပ်ဆောင်သူတွေရဲ့ပုံတွေဖြစ်ပေမယ့် ရင်းနှီးနေတဲ့မျက်နှာတွေဖြစ်တဲ့ Elijah Wood (Frodo Baggins) နှင့် Viggo Mortensen (Aragorn) တို့လည်းပါဝင်ပါတယ်။

ဒီနှစ်အစောပိုင်းကလည်း Return Of The King ဇာတ်ကားရိုက်ကူးရေးပြီးစီခါနီးမှာ Fellowship အဖွဲ့သားတွေဖြစ်တဲ့ Ian McKellen, Mortensen, Wood, Sean Astin နှင့် တခြားသူတွေ
ဆင်တူတက်တူးထိုးနေတဲ့ပုံကို Bloom က အောက်မေ့သတိရပြီးတင်ခဲ့ပါသေးတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW