Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Love မဂ္ဂဇင်းအတွက် ကိုယ်လုံးအလှကို ဖော်ကျူးထားတဲ့ ဓာတ်ပုံတွေရိုက်ခဲ့တဲ့ Kim Kardashian

Love မဂ္ဂဇင်းအတွက် ကိုယ်လုံးအလှကို ဖော်ကျူးထားတဲ့ ဓာတ်ပုံတွေရိုက်ခဲ့တဲ့ Kim Kardashian

| No comment



TV စတားတစ်ယောက်အပြင် နာမည်ကျော်မော်ဒယ်လ်တစ်ယောက်အဖြစ်လည်း ထင်ရှားတဲ့ Kim Kardashian ကတော့ Love မဂ္ဂဇင်းအတွက် ဓာတ်ပုံအရိုက်ခံခဲ့ရာမှာ သူမရဲ့ ခန္ဒာကိုယ်အလှကို ထင်ထင်ရှားရှားဖော်ပြခဲ့ပါတယ်။

 သားမွေးအကျီ င်္အနက်ရောင်နဲ့ လုံးဝ ကြည့်ကောင်းနေတဲ့ ပုံစံကို ပိုင်ဆိုင်ထားတဲ့ Kim Kardashian ကတော့ သူမရဲ့ အံ့သြဖွယ်ဝိတ်ကျသွားတဲ့ ကိုယ်လုံးကို အပြတ်ကြွားသွားခဲ့တယ်လို့ ဆိုရမှာပါ။


သူမကတော့ သားငယ် Saint West ကို မွေးဖွားပြီးတဲ့နောက်မှာ ကိုယ်အလေးချိန်တွေ တက်လာတာကြောင့် ဓာတ်ပုံရိုက်တဲ့ အလုပ်ကို နားထားတာ အတော်လေးကို ကြာမြင့်ခဲ့ပါပြီ။ အခုမှသာ ဓာတ်ပုံပြန်အရိုက်ခံခဲ့တာဖြစ်ပြီး ကံမကောင်းခဲ့ခြင်းကနေ ရုန်းထွက်နိုင်ဖို့ အသင့်အနေအထားမှာ ရှိနေတယ်လို့ Kim က ဖွင့်ဟခဲ့ပါတယ်။


သူမရဲ့ ပရိသတ်တွေကတော့ Kim Kardashian ပြန်လာပြီဆိုပြီး အားပေးခဲ့ကြပြီး နောက်ပိုင်းမှာလည်း အခုလိုပဲ ယုံကြည်မှုအပြည့်နဲ့ အနုပညာအလုပ်တွေကို ပြန်လုပ်သွားအုံးမယ်လို့ ဆိုပါတယ်။ လာမယ့်နှစ်သစ်ကူးမှာ ပြောင်းလဲမှုများစွာကို ပြုလုပ်ဖို့လည်း Kim Kardashian နဲ့ Kanye West တို့ စုံတွဲကတော့ မျှော်လင့်နေပါတယ်။



သူတို့နှစ်ယောက်လုံးအတွက်တော့ ၂၀၁၆ ဟာ အကျနှစ်လို့ ဆိုရမှာဖြစ်ပြီး နှစ်ဦးသားကြားမှာလည်း တစ်ယောက်နဲ့တစ်ယောက်ကူညီဖေးမမှုက အမြဲရှိနေတယ်လို့လည်း သိရပါတယ်။
( Mocha )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Mirror