Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Man of Steel ဇာတ်ကားထဲမှာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမယ့် မင်းသားကြီးနှစ်ယောက်

Man of Steel ဇာတ်ကားထဲမှာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမယ့် မင်းသားကြီးနှစ်ယောက်

| No comment


နာမည်ကျော် မင်းသားနှစ်ယောက်ဖြစ်တဲ့ Dwayne ‘The Rock’ Johnson နဲ့ စူပါမန်းမင်းသား ဟင်နရီကာဗေးလ်တို့ဟာ သူတို့ရဲ့ Instagram အကောင့်တွေမှာ သူတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားနဲ့ပတ်သက်ပြီး ပုံတစ်ပုံတင်ထားခဲ့ပါတယ်။

 အသက် ၄၄ နှစ်အရွယ် The Rock ကတော့ သူ့အနေနဲ့ လာမယ့် Superman ဇာတ်ကားတစ်ခုဖြစ်တဲ့ Man of Steel ဇာတ်ကားမှာ Superman ရဲ့ ရန်ဘက် Black Adam အဖြစ်သရုပ်ဆောင်မှာပါ။ အသက် ၃၃ နှစ်အရွယ် ဟင်နရီကာဗေးလ်ရဲ့ ရန်ဘက်အဖြစ် The Rock တစ်ယောက် သရုပ်ဆောင်ရမှာပါ။

သူတို့နှစ်ယောက်လုံးကတော့ ခရစ်စမတ်ကာလမှာ အလုပ်ကိစ္စတွေကို အတူတူတွေ့ဆုံဆွေးနွေးခဲ့ပုံပေါ်ပြီး သူတို့နှစ်ယောက်ဟာ Gentleman သောက်ဖြစ်ခဲ့တယ်လို့ ဟင်နရီကာဗေးလ်က သူ့ရဲ့ Instagram မှာ အခုလိုပဲ ကြေညာခဲ့ပါတယ်။


'Today we drink like gentleman and come together as friends. We're excited for what the future brings. #DangerousGentleman #DCWorldsWillCollide #Superman.' လို့ ရေးသားထားပြီး သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံကို တင်ထားခဲ့ပါတယ်။



ဒီပုံကိုတော့ The Rock လည်း သူ့ရဲ့ Instagram အကောင့်မှာ share ထားခဲ့ပါတယ်။ Superman ဇာတ်ကားဖြစ်တဲ့ Man of Steel ဇာတ်ကားဟာ လာမယ့် ၂၀၁၉ ခုနှစ်မှသာ ထွက်ရှိဖွယ်ရှိနေပြီး DC ရဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်တဲ့ Geoff Johns က ဇာတ်လမ်းကို ရေးသားပေးထားတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဟင်နရီနဲ့ The Rock တို့ကတော့ ဒီဇာတ်လမ်းအတွက် အာရုံအပြည့်စိုက်ပြီး သူတို့နှစ်ယောက်လက်တွဲမှုက ဘယ်လောက်အကျိုးသက်ရောက်မှုတွေရှိလာမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

( Mocha )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Dailymail