Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Mnet Asian Music Awards ဆုပေးပွဲမှာ Album Of The Year ဆုကို ၄ နှစ်ဆက်ရရှိခဲ့တဲ့ EXO

Mnet Asian Music Awards ဆုပေးပွဲမှာ Album Of The Year ဆုကို ၄ နှစ်ဆက်ရရှိခဲ့တဲ့ EXO

| No comment

EXO အဖွဲ့က ၂၀၁၆ ခုနှစ် Mnet Asian Music Awards (MAMA) ဆုပေးပွဲမှာ Album Of The Year ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် MAMA ဆုပေးပွဲကို ကိုရီးယားစံတော်ချိန် ဒီဇင်ဘာလ ၂ ရက်မှာ ဟောင်ကောင်မြို့ရှိ Hong Kong AsiaWorld-Expo တွင် ကျင်းပခဲ့ပါတယ်။

Hotel Combined က တင်ဆက်တဲ့ ၂၀၁၆ ခုနှစ် MAMA ဆုပေးပွဲမှာ ဒီနှစ်အတွက် အာရှသား ဂီတအနုပညာရှင်တွေကို သူတို့တွေရဲ့ အောင်မြင်မှုတွေအတွက် ဆုချီးမြှင့်တာဖြစ်ပါတယ်။ ပြောင်မြောက်တဲ့ ဖျော်ဖြေမှုတွေ၊ မထင်မှတ်ထားတဲ့ ပူးပေါင်းဖျော်ဖြေမှုတွေနှင့် အမိုက်စား အနုပညာရှင်တွေပါဝင်တဲ့ ဂီတပွဲတော်ကြီးလည်းဖြစ်ပါတယ်။

ထိပ်တန်း K-pop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့က Best Male Group, Album of the Year (one of the Daesang awards), နှင့် Best Asian Style ဆု ၃ ဆုတို့ကို ရရှိခဲ့ပါတယ်။ ဒါကတော့ EXO အဖွဲ့အတွက် MAMA ဆုပေးပွဲကနေ Daesang ဆုကြီးကို ၄ နှစ်ဆက်တိုက်ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် Melon Music Awards ဆုပေးပွဲမှာ Daesang (Best Artist of the Year) ဆုကိုရရှိခဲ့ပြီးနောက်မှာ EXO အဖွဲ့က ပြောင်မြောက်တဲ့ ခုနှစ်တစ်ခုကို ဆက်တိုက်ရရှိနေတာ့ဖြစ်ပါတယ်။

EXO အဖွဲ့ဝင် Sehun က သူတို့ကို ချစ်ခင်အားပေးကြပြီး အရာရာကိုဖြစ်မြောက်စေတဲ့ နေ့ရက်တိုင်းမှာ ပျော်ရွှင်မှုတွေကို ဆောင်ကြဉ်းပေးတဲ့ ကမ္ဘာတစ်လွှားက ပရိသတ်တွေကို ကျေးဇူးတင်ခဲ့ပါတယ်။

 မျက်ရည်တွေဝဲနေတဲ့ Chanyeol ကလည်း စိုးရိမ်ပူပန်ပြီး သောရောက်ခဲ့ရတဲ့ အခိုက်အတန့်တွေအများကြီးရှိခဲ့ပေမယ့် အခုချိန်မှာ ချစ်ခင်မှုတွေကို ဆက်တိုက်ရရှိနေတာကို တွေ့ရတဲ့အတွက် မလိုအပ်ဘဲ စိတ်ပူနေခဲ့သလိုဖြစ်နေကြောင်း ဝန်ခံခဲ့ပါတယ်။

သူက ထပ်မံပြီး ဒီနေ့က ရာဇဝင်တွင်မည့် နေ့ရက်တစ်ရက်ဖြစ်ပြီး  ပရိသတ်တွေနှင့်အတူ သမိုင်းကြောင်းတွေအများကြီး ဖန်တီးနိုင်အောင် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

EXO အဖွဲ့ဝင် Baekhyun ကလည်း miss A အဖွဲ့ဝင် Suzy နှင့်အတူ “Dream” သီချင်းအတွက် Best Collaboration Award ဆုကို ရရှိခဲ့ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Soompi