Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , One Direction အဖွဲ့ ပြန်လည်ပေါင်းစည်းဖို့ ရာခိုင်နှုန်းပြည့်သေချာတယ်ဆိုတဲ့ Liam Payne

One Direction အဖွဲ့ ပြန်လည်ပေါင်းစည်းဖို့ ရာခိုင်နှုန်းပြည့်သေချာတယ်ဆိုတဲ့ Liam Payne

| No comment

Liam Payne က နေမကောင်းပေမယ့် ဒီဇင်ဘာလ ၁၇ ရက်နေ့က twitter ပေါ်မှာ အမေးအဖြေလုပ်ပေးခဲ့တဲ့အတွက်  ကမ္ဘာတစ်လွှားက Directioners တွေအတွက်တော့ေ တာက်ပတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ နေမကောင်းဖြစ်နေလို့ သီချင်းမသွင်းနိုင်တဲ့အတွက် အိမ်မှာနေပြီး တီဗွီကြည့်နေတယ်လို့ေ ရးသားခဲ့တဲ့ အဆိုတော်က ပရိသတ်တွေရဲ့ မေးခွန်းအမျိုးမျိုးကိြုေ ဖကြားပေးခဲ့ပါတယ်။

သူက သူသဘောကျနေတဲ့သူ၊ အကြိုက်ဆုံး အနုပညာရှင်၊ ကိုယ်ပိုင်သီချင်းခွေအတွက် အသံသွင်းခြင်းတွေနှင့် အရေးကြီးဆုံးဖြစ်တဲ့ One Direction အဖွဲ့ ပြန်လည်ပေါင်းစည်းဖို့တဲ့ မေးခွန်းတွေကြို ပန်ဖြေပေးခဲ့ပါတယ်။

“One Direction အဖွဲ့က ပြန်လည်ပေါင်းစည်းမှာလား?” လို့ ပရိသတ်တစ်ယောက်က
မေးခဲ့ပါတယ်။ “ကျွန်တော်တို့ ပြန်ပေါင်းဖြစ်မယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်းသေချာပါတယ်” လို့ အဖွဲ့ဝင် Niall Horan ပြောခဲ့တဲ့အတိုင်း ထပ်ပြောခဲ့ပါတယ်။

တစ်ကိုယ်တော်သီချင်းနှင့်ပတ်သက်ပြီးတော့လည်း “Album မကြာခင်ထွက်တော့မယ်။မြဲမြဲကိုင်ထားကြပါ။” လို့ Payne က ရေးသားခဲ့ပါတယ်။ “မကြာခင်” ဆိုတာ ဘာကိုပြောတာလဲလို့ မေးတဲ့အခါမှာတော့ ရွှတ်နောက်နောက်နှင့် စကားလုံးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရေးသားပြခဲ့ပါတယ်။

နောက်ထပ် အရေးပါတဲ့ Twitter အမေးအဖြေတွေကတော့ Drake ကို အကြိုက်ဆုံး အနုပညာရှင်အဖြစ် အမည်တပ်ခဲ့ပြီး “woman crush” က ဘယ်သူလဲလို့ေ မးတဲ့အခါမှာတော့ “ဒီအဖြေကို ကျွန်တော်တို့အားလုံး သိပြီးသားပါ” လိြု့ ပန်ဖြေခဲ့ပါတယ်။ (သူနှင့်အတူ  Cheryl Cole က ကိုယ်ဝန်ရှိနေတာဖြစ်ပါတယ်။)


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Billboard