Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ကေတီပယ်ရီနဲ့ Orlando Bloom တို့စုံတွဲက ဆန်တာကလော့စ်အဖြစ်ဝတ်ဆင်ပြီး ကလေးဆေးရုံကိုသွားရောက်

ကေတီပယ်ရီနဲ့ Orlando Bloom တို့စုံတွဲက ဆန်တာကလော့စ်အဖြစ်ဝတ်ဆင်ပြီး ကလေးဆေးရုံကိုသွားရောက်

| No comment


Katy Perry နှင့် Orlando Bloom က အားလပ်ရက်မှာ အားပေးမှုလိုအပ်နေတဲ့
လော့စ်အိန်ဂျလိကလေးဆေးရုံက ကလေးလူနာတွေအတွက် Mr. and Mrs. Claus အဖြစ်
ဆင်တူဝတ်ဆင်ပြီး သွားရောက်လည်ပတ်ခဲ့ပါတယ်။

အလှူဒါနလုပ်လေ့ရှိတဲ့စုံတွဲက ချစ်စရာကောင်းတဲ့ ဆန်တာဦးထုပ်တွေဝတ်ပြီး
ဆေးရုံက လူနာတွေကို လိုက်နှုတ်ဆက်ခဲ့ပါတယ်။ Children's Hospital LA
Facebook စာမျက်နှာရဲ့ ပြောပြချက်အရ Christmas carols သီချင်းတွေတောင်
ဆိုပြသွားပါသေးတယ်။

Perry နှင့် Bloom တို့ ကလေးဆေးရုံကို သွားရောက်လည်ပတ်မှုကတော့
သူတို့စုံတွဲရဲ့ အလှူဒါနပြုမှုတွေထဲက တစ်ခုပဲရှိပါသေးတယ်။ "Rise"

အဆိုတော်ဟာ သူတို့အဖွဲ့စည်းကို ထောက်ပံ့ခဲ့တဲ့အတွက် ပြီခဲ့တဲ့လကပဲ UNICEF
ရဲ့ ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။

နယူးယော့မြို့မှာကျင်းပခဲ့တဲ့ UNICEF Snowflake Ball မှာ ET က
၃၂နှစ်အရွယ်အဆိုတော်နှင့် တွေ့ဆုံခဲ့ပြီး သူက Bloom နှင့်အတူ သူတို့ရဲ့
အနုပညာရှင်ဆိုတဲ့ လွှမ်းမိုးမှုတွေကို အသုံးပြုပြီး ပိုကြီးကျယ်
ကောင်းမွန်တဲ့ကိစ္စတွေကို လုပ်ဖို့ ကြိုးစားနေကြောင်း ပြောပြခဲ့ပါတယ်။


“သူက မနှစ်က ဆုရခဲ့တဲ့သူဆိုတော့ ကျွန်မထက် သူက ပိုသိတာပေါ့။ ပြီးတော့ သူက
UNICEF ကိုယ်စားလှယ်ဖြစ်တာ ၁၀ နှစ်ရှိပြီလေ။ ကျွန်မကတော့
သိပ်မကြာသေးဘူးဆိုတော့ သူက ကျွန်မကို သင်ပေးပါတယ်။”

“ဆက်ဆံရေးတစ်ခုမှာတော့ အားလုံးက ဆရာတွေချည်းပါပဲ။ အခုတော့ ကျွန်မ
အဲ့ဒီလိုပဲမြင်တော့တယ်။ တစ်ယောက်နဲ့ တစ်ယောက် အများကြီး သင်ပေးဖြစ်ကြတယ်”
လို့ပြောပါတယ်။

“တစ်ကိုယ်ကောင်းဆန်ပြီး ငါ ငါ ငါ ဆိုပြီး နေဖို့က သိပ်လွယ်တယ်။ ကျွန်မက
တောက်ပမှုတွေ အာရုံစိုက်မှုတွေရထားတော့ ပိုပြီးလိုအပ်နေတဲ့သူတွေဆီကို
အဲ့ဒီအာရုံစိုက်မှုကို လွှဲပြောင်းပေးရတာ သိပ်ကောင်းတာပဲ” လို့ Perry က
ရှင်းပြပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW