Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Rolling Stones အဖွဲ့ရဲ့ သီချင်းသစ်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ခရစ္စတင်းစတီးဝပ်

Rolling Stones အဖွဲ့ရဲ့ သီချင်းသစ်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ခရစ္စတင်းစတီးဝပ်

| No comment

Rolling Stones ဟာ သူတို့ရဲ့ “Blue & Lonesome” အယ်လ်ဘမ်ဟာ မကြာခင်အချိန်မှာပဲ ထွက်ရှိလာတော့မှာပါ။ ဒီအယ်လ်ဘမ်ထဲက single တစ်ပုဒ်ဖြစ်တဲ့ “Ride ‘Em Down” သီချင်းမှာတော့ ခရစ္စတင်းစတီးဝပ် တစ်ယောက်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

 ခရစ္စတင်းကတော့ သူမရဲ့ ယောက်ျားလေးဆန်တဲ့ ပုံစံမျိုးနဲ့ ဒီသီချင်းမှာ ပါဝင်သရုပ်ဆောင်လျက်ရှိပြီး သီချင်းနဲ့ အတော်လေးကိုး ကီးကိုက်မယ့် ပုံပါပဲ။

American Muscle ကားတစ်စီးနဲ့ လော့စ်အိန်ဂျလိစ်တစ်ဝိုက်ကို အရှိန်အမြင့်ဆုံးမောင်းနှင်လျက်ရှိနေတဲ့ ပုံစံနဲ့ ခရစ္စတင်းကို တွေ့မြင်မှဖြစ်ပြီး Rolling Stones က promo video အနေနဲ့ ခရစ္စတင်းပါဝင်တဲ့ ၁၅ စက္ကန့်စာ ဗီဒီယိုကို ထုတ်ပြလိုက်တာဖြစ်ပါတယ်။


Rolling Stones ရဲ့ အသစ်ထွက်ရှိမယ့် ဒီအယ်လ်ဘမ်ထဲမှာတော့ “Blue & Lonesome” ဆိုတဲ့ အတိုင်းပဲ ရော့ခ်ကာကြီးတွေရဲ့ Blues သီချင်းအမျိုးအစားတွေကို တစ်ဝကြီးနားဆင်ရမှာပါ။

ဒီအယ်လ်ဘမ်မှာဆိုရင်တော့ Blues artist တွေဖြစ်ကြတဲ့ Little Walter, Magic Sam, Little Johnny Taylor နဲ့ Willie Dixon တို့ရဲ့ သီချင်းတွေကို Rolling Stones က cover အဖြစ်လည်း ပြန်လည် သီဆိုပေးထားပါတယ်။


 သီချင်း ၁၂ ပုဒ်ပါဝင်မယ့် ဒီအယ်လ်ဘမ်ကိုတော့ British Grove စတူဒီယိုမှာ အချိန်သုံးရက်နဲ့ အပြီးအသံသွင်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင်တွေရဲ့ ဂီတအပေါ် ရူးသွပ်တဲ့ စိတ်ထားကို အကြည်လင်ဆုံး မြင်ရလိမ့်မယ်လို့ co-producer ဖြစ်သူ Don Was က ပြောကြားခဲ့ပါတယ်။

( Mocha )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : DailyMail