Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Ryan Reynolds က သူ့ရဲ့မိသားစုကို ပထမဆုံးအကြိမ်အဖြစ် ကော်ဇောနီပေါ်မှာပွဲထုတ်

Ryan Reynolds က သူ့ရဲ့မိသားစုကို ပထမဆုံးအကြိမ်အဖြစ် ကော်ဇောနီပေါ်မှာပွဲထုတ်

| No comment



Captain Deadpool လို့ နာမည်ကြီးတဲ့ မင်းသား Ryan Reynolds ကတော့ ဇနီးဖြစ်သူ Blake Lively နဲ့ ရထားတဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ကော်ဇောနီပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် ခေါ်ဆောင်လာခဲ့ပါတယ်။

Hollywood Walk of Fame မှာ ပထမဆုံးအဖြစ် Ryan Reynolds တစ်ယောက် မိသားစုလိုက်ပွဲတက်ခဲ့တာပါ။


Deadpool ဇာတ်ကောင်နဲ့ ရွှေကမ္ဘာလုံးဆု ဆန်ကာတင်ဝင်ထားတဲ့ Ryan ဟာ အသက်နှစ်နှစ်အရွယ် သမီးလေး James နဲ့ စက်တင်ဘာလတုန်းကမှာ မွေးဖွားထားတဲ့ နာမည်မပေးရသေးတဲ့ သမီးငယ်လေးနဲ့ အတူ ကော်ဇောနီပေါ်ကို လျှောက်လှမ်းလာခဲ့တာပါ။


 လော့စ်အိန်ဂျလိစ်မှာတော့ Ryan ရဲ့ ပထမဆုံး public ကို ချပြခဲ့တဲ့ မိသားစုပုံတွေဟာ နာမည်ကြီးသွားခဲ့ပါတယ်။



Ryan နဲ့ ဇနီး Blake Lively တို့ဟာ သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတယ်လို့ သိရပြီး သူတို့ရဲ့ life ကိုတော့ private ဆန်ဆန်နေထိုင်လျက်ရှိနေတာပါ။ Ryan ကတော့ “ကျွန်တော့်ရဲ့ အရာအားလုံးဟာ ဒီမိသားစုလေးပါပဲ” လို့ ပြောကြားခဲ့ပါတယ်။



ချစ်စရာကောင်းတဲ့ Ryan တို့ရဲ့ မိသားစုလေးကတော့ မြင်ရတာနဲ့တင် ကြည်နူးစရာကောင်းနေပါတယ်။



( Mocha )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : MTV