Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Song Ji Ho နှင့် Kim Jong Kook တို့က Running Man မှရရှိသော လက်ကျန်ငွေအားလုံးကို လှူဒါန်းမည်

Song Ji Ho နှင့် Kim Jong Kook တို့က Running Man မှရရှိသော လက်ကျန်ငွေအားလုံးကို လှူဒါန်းမည်

| No comment

Song Ji Ho နှင့် Kim Jong Kook တို့က ယခုမှစပြီး Running Man အဆုံးသတ်တဲ့အထိရရှိသော လက်ကျန်ငွေအားလုံးကို လှူဒါန်းမှာဖြစ်ပါတယ်။

လတ်တလောမှာ သူတို့နှစ်ယောက်က ဇန်နဝါရီလမှာ ဒုတိယ Season စတဲ့အချိန် ဒီအစီအစဉ်က ထွက်ခွာသွားမယ်ဆိုပြီး တစ်ဖက်သတ် ပြောခံခဲ့ရပါတယ်။ သူတို့က အစီအစဉ်က ဒုတိယ Season လုပ်မယ်ဆိုတာသိပေမယ့် ထွက်သွားဖို့ ဖိအားပေးခံနေရတယ်ဆိုတာတော့ မသိခဲ့ပါဘူး။

ဒီကိစ္စကို ဝန်ထမ်းတွေရဲ့ အငြင်းပွားဖွယ်ကိုင်တွယ်မှုတွေကြောင့် နောက်ဆုံးမှာတော့ ဖေဖော်ဝါရီလထဲမှာ အစီအစဉ်ကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Song Ji Ho နှင့် Kim Jong Kook တို့နှစ်ယောက်လုံးက ဖေဖော်ဝါရီလထဲမှာလွှင့်မယ့်နောက်ဆုံးအပိုင်းထိ ရရှိမည့် လစာကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ “ဘယ်နေရာကို ဘယ်လိုလှူဒါန်းရမလဲဆိုတာ စဉ်းစားနေကြပါတယ်” လို့ Running Man က ပြောပြခဲ့ပါတယ်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : allkpop