Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Star War မင်းသမီး Carrie Fisher အသက် ၆၀ တွင်ကွယ်လွန်

Star War မင်းသမီး Carrie Fisher အသက် ၆၀ တွင်ကွယ်လွန်

| No comment


Star War ဇာတ်လမ်းတွဲထဲက Princess Leia အဖြစ်လူသိများတဲ့ မင်းသမီး Carrie Fisher က အသက် ၆၀ တွင်ကွယ်လွန်သွားပါတယ်။

ဒီသတင်းကို မိသားစုရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Fisher ၏ သမီးဖြစ်သူ Billie Lourd ကိုယ်စား ဒီဇင်ဘာလ ၂၇ ရက် က ထုတ်ပြန်ချက်တစ်ခုမှာ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

“ချစ်လှစွာသောမိခင်ဖြစ်သူ Carrie Fisher က ယနေ့နံနက် ၈:၅၅ နာရီတွင် ကွယ်လွန်သွားကြောင်း Billie Lourd က နက်ရှိုင်းတဲ့ဝမ်းနည်းကြေကွဲမှုနှင့်အတူ အတည်ပြုပေးခဲ့ပါတယ်။ သူမကို တစ်ကမ္ဘာလုံးက ချစ်ခဲ့ကြပြီး သတိရနေမှာဖြစ်ပါတယ်။ ဆုတောင်းပေးမှုတွေအတွက် မိသားစုတစ်ခုလုံးက ကျေးဇူတင်ပါတယ်။”

Fisher က ဒီဇင်ဘာလ ၂၃ ရက် က လန်ဒန်မှ လော့အိန်ဂျလိစ်သို့ ပျံသန်းသွားသော United Airlines လေယာဉ်ပေါ်တွင် heart attack ရခဲ့တဲ့အတွက် UCLA Medical Center ကို အရေးပေါ်ပို့ခဲ့ပြီး အဲ့ဒီမှာပဲကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

နှလုံးရောဂါဖောက်တဲ့အကြောင်းကို လေယာဉ်ဆင်းချိန်မှာ မင်းသမီးက “တုံ့ပြန်မှုမရှိ”ကြောင်း ဖော်ပြထားပြီး ပထမဆုံး TMZ က သတင်းပို့ခဲ့ပြီး NBC News နှင့် Los Angeles Times အပါအဝင် သတင်းဌာနများက အတည်ပြုခဲ့ကြပါတယ်။ လေယာဉ်ပေါ်က မျက်မြင်တစ်ယောက်ရဲ့ ပြောပြချက်အရ CPR လုပ်တဲ့အချိန်မှာလည်း တုံ့ပြန်မှုမရှိဘူးလို့သိရပါတယ်။


Fisher က ဘဝအတွေ့အကြုံမှတ်တမ်း The Princess Diarist ကို လန်ဒန်မှာ ပရိုမိုးရှင်းလုပ်နေတာဖြစ်ပါတယ်။ မကွယ်မဝှတ်တမ်းပြောတတ်တဲ့ Emmy ဆန်ကာတင်စာရင်းဝင် မင်းသမီး၊ စာရေးဆရာမနှင့် ထုတ်လုပ်သူကို ဟာသဉာဏ်ထက်ပြီး အပြောအဆို ရက်စက်သူအဖြစ် လူသိများကြပါတယ်။

ဒါပေမယ့် သန်းပေါင်းများစွာသောပရိသတ်တွေကို ချစ်ခင်စေတာကတော့ George Lucas ရဲ့ Star War ဇာတ်လမ်းတွဲထဲက Princess Leia ဇာတ်ကောင်ကြောင့်ပါပဲ။ Leia ဟာ Resistance ရဲ့ အကြောက်တရားကင်းမဲ့တဲ့ အသည်းနှလုံး၊ Darth Vader ကို ရင်ဆိုင်ပြီး အသက်ရှင်ကျန်နေတဲ့ လိမ္မာပါနပ်တဲ့ မင်းသမီး ဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ သူများကယ်တာခံဖို့မလိုဘဲ သူကိုယ်တိုင် blaster ကို ချောချောမောမောကိုင်ဆောင်နိုင်တဲ့သူဖြစ်တာပါပဲ။

Star War မင်းသမီး က Star Wars: The Force Awakens ဇာတ်ကားထဲမှာ Princess ကနေ General Leia ကို ရာထူးတိုးခဲ့ပြီး ရှေ့ဆက်ထွက်မည့် ဇာတ်ကားတွေမှာလည်း အရေးပါတဲ့နေရာက ပါဝင်မှာဖြစ်ကြောင်း သတင်းပို့ခဲ့ပါတယ်။ Gareth Edwards ရဲ့ Rogue One: A Star Wars Story ဇာတ်ကားရဲ့ ရင်ခုန်စရာဇာတ်သိမ်းပိုင်းမှာလည်း သူ့ရဲ့ ပုံတူပါဝင်ခဲ့ပြီး Leia က Resistance အတွက် အရေးပါသူဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : MTV