Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Taeyang နှင့် ချစ်သူ Min Hyo Rin တို့အတွက် ဖူးစာရေးနတ်လုပ်ပေးခဲ့တဲ့ G-Dragon

Taeyang နှင့် ချစ်သူ Min Hyo Rin တို့အတွက် ဖူးစာရေးနတ်လုပ်ပေးခဲ့တဲ့ G-Dragon

| No comment

ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်လွှင့်တဲ့ MBC ‘Radio Star’ အစီအစဉ်မှာ Big Bang အဖွဲ့က ဧည့်သည်အဖြစ်ပါဝင်ခဲ့ပြီး Taeyang က အောင်မြင်ခဲ့တဲ့ တစ်ကိုယ်တော်သီချင်း “Eyes, Nose, Lips” သီချင်းနောက်ကွယ်က ဇာတ်လမ်းကို ပြောပြခဲ့ပါတယ်။

“Eyes, Nose, Lips” သီချင်းအတွက် စိတ်ကူးရခဲ့ပုံကို မေးတဲ့အခါမှာ Taeyang က “ကျွန်တော့်ကိုယ်ပိုင်ဘဝကို အခြေခံထားတာပါ။ တခြားလူတစ်ယောက်အကြောင်းကို ရေးထားတာလို့ ကောလဟာလတွေအများကြီးထွက်နေပေမယ့် တကယ်တော့ Min Hyo Rin ကို တွေ့တုန်းက ရေးခဲ့တာပါ။” လို့ပြန်ဖြေခဲ့ပါတယ်။


G-Dragon က မရည်ရွယ်ထားပဲ သူတို့အတွက် ဖူးစာရေးနတ်ဖြစ်ခဲ့တဲ့အကြောင်းကို “Taeyang က သီချင်းဗီဒီယိုရိုက်ဖို့ စီစဉ်နေတဲ့အချိန်မှာ သူ့တွဲဖက်သရုပ်ဆောင်အဖြစ် ဘယ်သူ့ကို သုံးရမလဲလို့ စဉ်းစားနေတုန်း ကျွန်တော်က သူတို့နှစ်ယောက်လိုက်ဖက်မယ်ထင်လို့ မိတ်ဆွေတစ်ယောက်ရဲ့ မိတ်ဆွေကို အကြံပေးခဲ့တာပါ။ ဖြစ်ချင်တော့ သူကလည်း စိတ်ကူထားပြီးသားဖြစ်နေတယ်” လို့     Min Hyo Rin ပါဝင်ထားတဲ့ “1 AM” ဗီဒီယို ရည်ညွှန်းပြီး ဝင်ပြောခဲ့ပါတယ်။

“သီချင်းဗီဒီယိုရိုက်ကွင်းကို ကျွန်တော်ရောက်သွားတော့ သီချင်းက အဆွေးသီချင်းဖြစ်ပေမယ့် Taeyang က ပြုံးနေတာ ပါးစပ်ကြီးနားရွက်တက်ချိတ်တော့မယ်” လို့ပြောတော့ Taeyang က ရယ်ပါတယ်။
ဆက်လက်ပြီး Taeyang က Min Hyo Rin ကို ဆွေးဆွေးမြေ့မြေ့နှင့် ဖက်ထားရမှာဖြစ်ပေမယ့် ပြုံးနေတာကိုတွေ့ခဲ့ရတဲ့မြင်ကွင်းကို G-Dragon က ပြန်သရုပ်ဖော်ပြတော့ အားလုံးက ဝါလုံးကွဲရယ်မောကြပါတော့တယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : soompi