Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Taylor Swift က ဒုတိယကမ္ဘာစစ်က စစ်မှုထမ်းဟောင်းရဲ့ အိမ်ကို သွားရောက်ပြီး Surprise ပြုလုပ်ခဲ့

Taylor Swift က ဒုတိယကမ္ဘာစစ်က စစ်မှုထမ်းဟောင်းရဲ့ အိမ်ကို သွားရောက်ပြီး Surprise ပြုလုပ်ခဲ့

| No comment



Taylor Swift က ဒီတစ်ပတ်မှာ ဒုတိယကမ္ဘာစစ်က စစ်မှုထမ်းဟောင်းရဲ့ အိမ်ကို သွားရောက်ပြီး သူတို့မိသားစုအတွက် သီချင်းတွေဆိုပြပြီး အားလပ်ရက်ပျော်ရွှင်မှုတွေ ပျံ့နှံ့စေခဲ့ပါတယ်။

တနင်္လာနေ့က အသက် ၂၇ နှစ်အရွယ်အဆိုတော်ဟာ ဒီနှစ်ထဲမှာ Swift ရဲ့ အသက်ကြီးဆုံးပရိသတ်အဖြစ် သတင်းခေါင်းစဉ်တွေမှာပါခဲ့တဲ့ အသက် ၉၆ နှစ်အရွယ် Cyrus Porter ကို Missouri က သူ့နေအိမ်မှာ surprise လုပ်ခဲ့ပါတယ်။


Porter က Swift ရဲ့ ဖျော်ဖြေပွဲသို့ နှစ်ကြိမ်သွားရောက်ခဲ့ကြောင်းနှင့် သူမရဲ့ သီချင်းတွေကြောင့် မြေးတွေနှင့် ဆက်ဆံရတာ အထောက်အကူဖြစ်တဲ့အတွက် ကျေးဇူးတင်ကြောင်း မြို့တွင်းသတင်စာဖြစ်တဲ့ Ozarks First ကို ပြောပြခဲ့ပါတယ်။ 1989 အဆိုတော်ကို တွေဖို့အတွက် Porter ရဲ့ မြေးတွေလည်း ရောက်လာကြပါတယ်။

Porter က အဆိုတော်ကို ဒုတိယကမ္ဘာစစ်က အမှတ်တရစုဆောင်းထားတဲ့ပစ္စည်းတွေနှင့် သတင်းစာဖြတ်ပိုင်းတွေကို လိုက်ပြနေတဲ့ပုံအပါအဝင် ဓာတ်ပုံတွေအများကြီးကို မိသားစုဝင်တွေက နေ့ထူးနေ့မြတ် အထိမ်းအမှတ်အဖြစ် လူမှုကွန်ယက်မှာတင်ခဲ့ကြပါတယ်။
နောက်တော့ Swift က Porter နှင့် လာလည်ကြတဲ့သူတွေအတွက် ဂစ်တာတီးပြီး သီချင်းဆိုပြခဲ့ပါတယ်။


Porter ရဲ့ မြေး Robert Frye က “တကယ့်ကို ခရစ်စမတ်ရဲ့ ဆန်းကြယ်မှုပါပဲ” လို့ Twitter မှာရေးသားခဲ့ပါတယ်။

Swift ကိုယ်တိုင်ကတော့ ဒီနှစ်ခရစ်စမတ်ကို ငယ်သူငယ်ချင်းဖြစ်တဲ့ Abigail Anderson နှင့် မိတ်ဆွေကောင်း Lily Aldridge တို့နှင့်အတူ စောပြီးကျင်းပခဲ့ပါတယ်။ Victoria's Secret Angel က သူမနှင့် Anderson က Swift ရဲ့ ပါတစ်ဖက်တစ်ချက်ကနေ “ခရစ်စမတ် အနမ်း” ပေးနေတဲ့ပုံကို Instagram မှာ စနေနေ့ကတင်ခဲ့ပါတယ်။



Anderson ကလည်း အလှဆင်ထားတဲ့သစ်ပင်ရှေ့မှာ Swift နှင့်ရိုက်ထားတဲ့ ဓာတ်ပုံကို “ခရစ်စမတ်က ဝန်ရံထားပါတယ်” လို့ ရေးသားပြီးတင်ခဲ့ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : MTV