Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Tom Cruise ရဲ့ The Mummy ဇာတ်ကား Trailer ထွက်ရှိလာ

Tom Cruise ရဲ့ The Mummy ဇာတ်ကား Trailer ထွက်ရှိလာ

| No comment

Mummy ဇာတ်ကားတွေရဲ့ အဆက်ဇာတ်ကားတစ်ကားဖြစ်တဲ့ The Mummy (2017) အတွက် ပထမဆုံး ထရေလာဟာ ဒီနေ့မှာ ထွက်လာခဲ့ပါတယ်။ Tom Cruise က Nick Morton အဖြစ်သရုပ်ဆောင်မယ့် ဒီဇာတ်ကားမှာ ရှေးဟောင်းမင်းသမီးအနေနဲ့ Sofia Boutella က သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ထရေလာကတော့ ကြောက်စရာအနည်းငယ်ကောင်းပြီး အစမှာတင် လေယာဉ်ပျက်ကျတဲ့ အခန်းနဲ့ စထားတာပါ။ အဦးဆုံး Footage အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ရက်နေ့တုန်းက ၁၅စက္ကန့်ကြာတဲ့ ဗီဒီယိုတစ်ခုကို တင်ခဲ့ပါသေးတယ်။

ဒီဇာတ်ကားမှာ Tom Cruise ဟာ ကမ္ဘာကိုဖျက်ဆီးဖို့ ကြိုးပမ်းတဲ့ ရှေးဟောင်းမင်းသမီးတစ်ပါးကို တားဆီးရတဲ့ နေရာမှာသရုပ်ဆောင်သွားမှာပါ။ ဒါပေမယ့် Trailer အပေါ်မီဒီယာတွေကတော့ Mission Impossible နဲ့ Supernatural စီးရီးတို့ကို ရောထားတဲ့ Trailer ဖြစ်တယ်လို့ လှောင်ပြောင်ခဲ့ကြပါတယ်။



( U Min Thant )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)


Ref: Hollywood Life