Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အကြွေးတွေပေးဖို့ရှိနေပေမယ့် ပရိသတ်တွေကို ပိုက်ဆံအထပ်လိုက်ကြဲချခဲ့တဲ့ Tyga

အကြွေးတွေပေးဖို့ရှိနေပေမယ့် ပရိသတ်တွေကို ပိုက်ဆံအထပ်လိုက်ကြဲချခဲ့တဲ့ Tyga

| No comment


Tyga  ကတော့ မိုင်ယာမီက နိုက်ကလပ်တစ်ခုမှာ ဖျော်ဖြေစဉ်အတွင်းမှာ ပိုက်ဆံတွေ အထပ်လိုက်ကိုင်ပြီး ပရိသတ်ကို ကြဲချခဲ့ပါတယ်။ E11even ဆိုတဲ့ နိုက်ကလပ်မှာ အခုလို လုပ်ရပ်ကို ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီပွဲမှာတော့ ချစ်သူဖြစ်သူ အလှပဂေး Kylie Jenner ပါ လာရောက်ကြည့်ရှုခဲ့ပါတယ်။

 အသက် ၂၇ နှစ်အရွယ် Tyga ဟာ ငွေကြေး အချေးအငှားကိစ္စ ပြဿနာတွေရှုပ်ထွေးနေပေမယ့်လည်း အခုလို ပိုက်ဆံကြဲခဲ့တာကတော့ မီဒီယာတွေကြားမှာ နာမည်ကြီးလျက်ရှိနေပါတယ်။

Alex Benedict လို့အမည်ရတဲ့ လူတစ်ယောက်ကတော့ Tyga ကို Ferrari 488 အနီရောင်ကားအတွက် ငွေပေးချေခြင်းမရှိသေးလို့ တရားစွဲထားပြီး ဒီကားကိုလည်း နှစ်ကြိမ်တိုင် ပြန်လည် သိမ်းယူခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ အရောင်တစ်လက်လက်ဖြစ်နေတဲ့ နာရီ ၊ စိန်စီထားတဲ့ ဆွဲကြိုးတွေ ၊ ဘယက်တွေနဲ့ နားကပ်တွေ ဝတ်ဆင်ထားတဲ့ Tyga တစ်ယောက် စင်ပေါ်ကနေ ပိုက်ဆံတွေအထပ်လိုက်ကိုင်ပြီး ကြဲချနေတာဟာ အကြွေးရှင်တွေအတွက်တော့ ဒေါသထွက်စရာပါပဲ။


Tyga ဟာ Beverly Hills က Jason ဇိမ်ခံအိမ်ငှားခအတွက်လည်း ဒေါ်လာ နှစ်သိန်းလောက် အကြွေးတင်နေပြီး အဲ့ဒီမှာတော့ Kylie နဲ့အတူတူ နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျောက်မျက်ကုန်သည်တစ်ယောက်ဆီမှာလည်း ဒေါ်လာ သုံးသိန်းလောက် Tyga အကြွေးတင်နေသေးပြီး ဒီကျောက်မျက်တွေကိုတော့ Kylie အတွက် လက်ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Tyga ကတော့ ရသမျှဝင်ငွေတွေကို Kylie အတွက်သာ လက်ဆောင်အဖြစ်ဝယ်ပေးနေခဲ့လို့ မေးခွန်းထုတ်ခံနေရပြီး သူ့ဝင်ငွေဟာ အကြွေးတွေဆပ်ဖို့အတွက် လုံလောက်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ Tyga ဟာ သူနေခဲ့တဲ့ အိမ်ပိုင်ရှင်တွေကိုလည်း အိမ်ငှားခအကြွေးတွေ မပေးချေရသေးဘဲ လောလောဆယ်မှာတော့ တစ်ခြားငွေကြေးပြဿနာတစ်ခုအတွက် ဒေါ်လာ ငါးသိန်းလောက်တော့ ပြန်ဆပ်ထားတယ်လို့ သိရပါတယ်။

အကြွေးဆပ်စရာရှိနေပေမယ့်လည်း ချစ်သူအတွက် လက်ဆောင်ဝယ်လိုက် ၊ ပရိသတ်ကို ပိုက်ဆံကြဲချလုပ်နေတဲ့ Tyga ကတော့ ဘယ်အချိန်မှာ တရားရင်ဆိုင်ရမလဲဖြစ်လျက်ရှိနေပါတယ်။

( Mocha )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : DailyMail