Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Zayn နှင့် Taylor Swift တို့ပူးပေါင်းသီဆိုထားတဲ့ Fifty Shades of Darker ဇာတ်ဝင်သီချင်းထွက်ရှိ

Zayn နှင့် Taylor Swift တို့ပူးပေါင်းသီဆိုထားတဲ့ Fifty Shades of Darker ဇာတ်ဝင်သီချင်းထွက်ရှိ

| No comment

နှစ်ကုန်ဖို့ ၂၃ ရက်သာကျန်တော့တဲ့အချိန်မှာ Taylor Swift က အဆိုတော်အဖြစ် သီဆိုထားတဲ့ ၂၀၁၆ ခုနှစ်ထဲမှာ ပထမဆုံးဖြစ်တဲ့ သီချင်းကို ထုတ်ပေးလိုက်ပါတယ်။ One Direction အဖွဲ့ဝင်ဟောင်း ပေါ့ပ်အဆိုတော် Zayn Malik နှင့်အတူ သီဆိုထားတဲ့ “I Don’t Wanna Live Forever” သီချင်းကို
ကြာသပတေးနေ့ညနှောင်းပိုင်းက ထွက်ရှိခဲ့ပါတယ်။

သူတို့နှစ်ယောက်က Fifty Shades of Grey ဇာတ်လမ်းအဆက်ဖြစ်တဲ့ Fifty Shades Darker အတွက် ဇာတ်ဝင်သီချင်းကို အတူအသံသွင်းခဲ့ကြတာဖြစ်ပါတယ်။ Swift က Jack Antonoff  နှင့် Sam Dew တို့နှင့်အတူ တွဲဖက်ရေးသားထားတဲ့ ဒီသီချင်းရဲ့ တစ်ပိုင်းတစ်စ နှင့် Isingle art ကို instagram မှာအရင်တင်ခဲ့တာဖြစ်ပါတယ်။

Zayn ကတော့ Swift နှင့်တွဲရိုက်ထားတဲ့ ဓာတ်ပုံတင်ပြီး “#IDontWannaLiveForever” လို့ပဲ ရိုးရိုးရှင်းရှင်းရေးသားခဲ့ပါတယ်။ သီချင်းအပြည့်အစုံကို iTunes တွင်ဝယ်ယူနိုင်ပါတယ်။ ပထမဇာတ်ကားအတွက် ဇာတ်ဝင်သီချင်းကိုလည်း ပထမတန်းစားအဆိုတော်တွေဖြစ်တဲ့ Ellie Goulding ရဲ့ “Love Me Like You Do” နှင့် the Weeknd ရဲ့ Grammy ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ “Earned It” တို့နှင့်အတူ Beyoncé ရဲ့ “Crazy In Love” remix နှင့် Jessie Ware, Sia, the Rolling Stones တို့က သီဆိုခဲ့ပါတယ်။

Swift က ၂၀၁၄ ခုနှစ် အောက်တိုဘာလက 1989 ထွက်ပြီးကတည်းက ကိုယ်ပိုင်သီချင်း မထွက်ခဲ့ပေမယ့် ၂၆ နှစ်အရွယ်အဆိုတော်ရဲ့ သီချင်းရေးတဲ့အရည်အချင်းကိုတော့ ဖုံးကွယ်ထားလို့မရပါဘူး။ ရည်းစားဟောင်း Calvin Harris ရဲ့ “This Is What You Came For”  ကို ရေးသားပေးခဲ့တာဖြစ်ကြောင်း ဇူလိုင်လတုန်းကေ ဖ်ာပြခဲ့ပြီး ပြီခဲ့တဲ့လကလည်း Little Big Town က သူတို့ရဲ့ သီချင်းသစ်“Better Man” ကို Swift ရေးပေးခဲ့တာဖြစ်ကြောင်း ပရိသတ်တွေကို
ပြောပြခဲ့ပါတယ်။



Zayn ကတော့ ပြီးခဲ့တဲ့မတ်လတုန်းက Mind Of Mine ကို နောက်ဆုံးထွက်ရှိထားတာဖြစ်ပါတယ်။

Beyoncé ရဲ့ “Crazy In Love” သီချင်းကို Miguel က ပြန်ဆိုထားတာပါဝင်တဲ့ Fifty Shades Darker ဇာတ်လမ်းနမူနာကို ဗုဒ္ဓဟူးနေ့က ထွက်ရှိခဲ့ပါတယ်။ Fifty Shades Darker ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW