Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / အရင်ကထက် ရင့်ကျက်လာတဲ့ သီချင်းသစ်တွေအကြောင်းပြောပြတဲ့ Austin Mahone

အရင်ကထက် ရင့်ကျက်လာတဲ့ သီချင်းသစ်တွေအကြောင်းပြောပြတဲ့ Austin Mahone

| No comment

Austin Mahone က ဒီလထဲမှာထွက်မဲ့ L’Uomo Vogue မဂ္ဂဇင်းအတွက်ေ တာင့်တင်းနေတဲ့ ကိုယ်ခန္ဓာကို ထုတ်ကြွားပြီး ဓာတ်ပုံရိုက်ခံရင်း သီချင်းသစ်တွေအကြောင်းပြောပြခဲ့ပါတယ်။

“အခုထွက်လာတဲ့ EP အသစ်ထဲက သီချင်းတွေက ရင်ကထွက်ခဲ့တာတွေထက်
ပိုပြီးရင့်ကျက်တာ သေချာပါတယ်” လို့ အသက် ၂၀ အရွယ် Mahone က ဒီဇင်ဘာလ ၃၀
ရက်က နောက်ဆုံးထွက်ရှိထားတဲ့ mixtape ForMe+You နှင့်ပတ်သက်ပြီး L’Uomo
Vogue မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

“ကျွန်တော့် ပရိသတ်တွေကလည်း
ကျွန်တော်နဲ့အတူ ကြီးပြင်လာကြတာဆိုတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ
အရွယ်ရောက်လာတာကို ဒီ EP က ဖော်ပြထားတယ်လို့ ထင်ပါတယ်။ ကျွန်တော်
ဒီသီချင်းတွေကို လော့စ်အိန်ဂျလိစ်မြို့ မတူညီတဲ့ studio sessions တွေမှာ
သွင်းထားတာဖြစ်ပြီး အရမ်းတော်ပြီး အရမ်းပူးပေါင်းဆောင်ရွက်တတ်တဲ့
ပရိုဂျူဆာတွေနဲ့ အတူ လုပ်ထားပါတယ်”


ပေါ့ပ်စတားရဲ့ သီချင်း ၈ ပုဒ်ပါဝင်တဲ့ထဲမှာ Juicy J နှင့် 2 Chainz တို့က
ပါဝင်သီဆိုပေးထားပြီး Pitbull ကတော့ single သီချင်းသစ်ဖြစ်တဲ့ “Lady”
မှာပါဝင်သီဆိုထားပါတယ်။ ဒါပေမယ့် ဂုဏ်ယူစရာတောင်ပိုင်းသားဖြစ်တဲ့ Mahone
ရဲ့ dream collaborator ကတော့ အနည်းငယ်ပိုပြီး ကြိုးခတ်သံမြည်စေမှာပါ။

“ကျွန်တော့်ဇာတိက San Antonio, Texas ကဆိုတော့ ငယ်ကတည်းက George Strait
ရဲ့ သီချင်းတွေ နားထောင်လာတာပါ။ ဒီတော့ သူက ကျွန်တော့်အတွက်တော့ တကယ်ကို
ထူးခြားတဲ့သူပါပဲ။ သူနဲ့အတူ တွဲဆိုချင်ပါတယ်” လို့ Mahone က
ဖက်ရှင်မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

အရင်တုန်း Becky G နှင့် Fifth Harmony အဖွဲ့ဝင်ဟောင်း Camila Cabello
တို့နှင့်တွဲခဲ့ဖူးတဲ့ ဆယ်ကျော်သက် အဆိုတော်ဟာ နာမည်ကြီးကုမ္ပဏီနှင့်
စာချုပ်မချုပ်ခင်မှာ ၂၀၁၀ ခုနစ်တုန်းက သီချင်းဆိုထားတဲ့ ဗီဒီယိုတွေကို
YouTube မှာတင်ပြီး အနုပညာအလုပ်တွေကို စတင်ခဲ့တာဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : People