Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Black Panther ဇာတ်ကားရဲ့ စိတ်ဝင်စားဖွယ်ဇာတ်လမ်းအကျဉ်းထွက်ရှိလာ

Black Panther ဇာတ်ကားရဲ့ စိတ်ဝင်စားဖွယ်ဇာတ်လမ်းအကျဉ်းထွက်ရှိလာ

| No comment

ရိုက်ကူးရေးစတင်နေပြီဖြစ်တဲ့ Black Panther ဇာတ်ကားမှာပါဝင်မည့် သရုပ်ဆောင်စာရင်းအပြည့်အစုံကို ကြာသပတေးနေ့မှာ Marvel Studios က ထုတ်ပြန်လိုက်ပါတယ်

သရုပ်ဆောင်အများစုကတော့ကြေညာပြီးသားဖြစ်ပေမယ့် ဒီတစ်ခါကြေညာချက်မှာ Andy Serkis က Avengers: Age of Ultron ဇာတ်ကားမှာပါဝင်ခဲ့တဲ့ သူခိုးယူထားတဲ့ vibranium သတ္တုကို လိုချင်တဲ့ Ultron ကြောင့်လက်တစ်ဖက်ပြတ်သွားတဲ့ ကြေးစားစစ်သား Ulysses Klaue အဖြစ်ပြန်လည်ပါဝင်မည်ဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။

ရုပ်ပြစာအုပ်တွေထဲမှာတော့ Klaue က ပြတ်သွားတဲ့လက်တစ်ဖက်နေရာမှာ အသံလှိုင်းလက်နက်ကို တပ်ဆင်ထားပြီး Black Panther နှင့် Fantastic Four တို့လို စူပါဟီးရိုးတွေကို တိုက်ခိုက်ရာမှာ အသံနဲ့လူသတ်တတ်သူဖြစ်ပါတယ်။

Marvel Studios က Fruitvale Station နှင့် Creed ဇာတ်ကားတို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Ryan Cooler ရိုက်ကူးမည့် ဒီဇာတ်ကားအတွက် ဇာတ်လမ်းအကျဉ်းကိုလည်း ကြေညာခဲ့ပါတယ်။

Black Panther ဇာတ်ကားမှာ Captain America: Civil War ဇာတ်လမ်းထဲက ဖြစ်ရပ်အပြီးမှာ နည်းပညာထွန်းကားပြီး သီခြားနိုင်ငံဖြစ်တဲ့ အာဖရီကန်နိုင်ငံ Wakanda ကို ဘုရင်အဖြစ် နန်းတက်ဖို့ ပြန်လာတဲ့ T’Challa ရဲ့ အကြောင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ရန်သူဟောင်းတစ်ယောက်ပြန်ပေါ်လာပြီး Wakanda နိုင်ငံနှင့် ကမ္ဘာကြီးရဲ့ ကံကြမ္မာတစ်ခုလုံး အန္တရာယ်ကျရောက်လာနိုင်တဲ့ ပဋိပက္ခတွေဖြစ်ပွားလာတဲ့အခါမှတော့ T’Challa ရဲ့ဘုရင်အဖြစ်နဲ့ Black Panther အဖြစ် အနိုင်မခံအရှုံမပေးတတ်တဲ့စိတ်ဓာတ်ကို
စမ်းသပ်ခြင်းခံခဲ့ရပါတဲ့ ဇာတ်လမ်းမျိုးကို အသက်သွင်းထားတာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့တာပါ။

Chadwick Boseman (Get on Up) က T’Challa အဖြစ်၊ Michael B. Jordan (a Coogler veteran from Creed and Fruitvale Station) က နယ်နှင်ခံထားရတဲ့ Wakanda နိုင်ငံသားဖြစ်ပြီး ဘုရင်အသစ်ကို ကျရှုံစေချင်တဲ့ အဓိကဗီလိန် Erik Killmonger အဖြစ်ပါဝင်မှာဖြစ်ပါတယ်။

This Is Us မှာပါဝင်ခဲ့တဲ့ သရုပ်ဆောင် Sterling K. Brown (The People vs. O.J. Simpson ဇာတ်လမ်းမှာ Christopher Darden ဇာတ်ရုပ်နှင့် Emmy ဆုရရှိထားသူ) က “T’Challa ရဲ့ အတိတ်က လူတစ်ယောက်” လို့သာဖော်ပြထားတဲ့ N’jobu အဖြစ်ပါဝင်ပါတယ်။ တိုက်ဆိုင်တာက ဒီဇာတ်ကားကို Coogler က The People vs. O.J. Simpson ကို ရေးသားခဲ့တဲ့ Joe Robert Cole နဲ့
အတူတွဲဖက်ရေးသားထာတာပါပဲ။

Florence Kasumba က Captain America: Civil War ထဲက သူ့ဇာတ်ကောင်ဖြစ်တဲ့ Wakanda ရဲ့ အမျိုးသမီးများသာပါဝင်တဲ့ Secret Service အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Dora Milaje အဖွဲ့ဝင် Ayo
အဖြစ်ပြန်လည်ပါဝင်ထားပါတယ်။

12 Years a Slave ဇာတ်ကားနှင့် အော်စကာဆုရရှိထားတဲ့ Lupita Nyong’o နှင့်
The Walking Dead ဇာတ်ကားရဲ့ Danai Gurira တို့ကလည်း Dora Milaje
အဖွဲ့ဝင် Nakia နှင့် Okoye အဖြစ်ပါဝင်မှာဖြစ်ပါတယ်။

Martin Freeman (The Hobbit ဇာတ်လမ်းတွဲနှင့် Britain’s The Office) က အမေရိကန် သံတမန်ရေးရာဝန်ကြီး Everett K. Ross အဖြစ်ပြန်လည်ပါဝင်ပြီး Daniel Kaluuya (Skins, Sicario) ကတော့ Black Panther ရဲ့ ယုံကြည်ရတဲ့ မိတ်ဆွေကောင်းနှင့် ဗျူဟာကျွမ်းကျင်သူ W’Kabi အဖြစ်ပါဝင်မှာဖြစ်ပါတယ်။

Winston Duke က နောက်ထပ်ဗီလိန်တစ်ယောက်ဖြစ်တဲ့ Wakanda နိုင်ငံထဲက ပြိုင်ဘက်ခေါင်းဆောင် M’Baku အဖြစ်ပါဝင်ထားပြီး ရုပ်ပြထဲမှာတော့ Man-Ape အဖြစ်လူသိများပါတယ်။

အခြားပါဝင်ထားတဲ့ ပထမတန်းစားသရုပ်ဆောင်တွေကတော့ Angela Bassett က T’Challa ရဲ့ မိခင် Ramonda အဖြစ်၊ The Last King of Scotland ဇာတ်ကားနှင့် အော်စကာဆုရရှိထားတဲ့ Forest Whitaker ကတော့ သေသွားတဲ့ဖခင်ဖြစ်သူရဲ့ မဟာမိတ်၊ အမြော်အမြင်ရှိတဲ့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး စစ်သည်တော်လည်းဖြစ်တဲ့ Zuri အဖြစ်ပါဝင်ထားပါတယ်။

Steven Spielberg ရဲ့ Ready Player One မှာပါဝင်ထားတဲ့ Letitia Wright ကတော့ မကြေညာရသေးတဲ့ ဇာတ်ကောင်နေမှာပါဝင်ထားပါတယ်။ Black Panther ဇာတ်ကားကို Atlanta မြို့နှင့် တောင်ကိုရီယားနိုင်ငံတို့မှာ ရိုက်ကူးမှာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ရုံတင်ပြသမှာဖြစ်ပါတယ်။

( RII )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : EW