Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , မီလန်မြို့မှာ ချစ်သူနဲ့အတူ ပျော်ပါးနေတဲ့ ခရစ်စတင်းစတီးဝပ်

မီလန်မြို့မှာ ချစ်သူနဲ့အတူ ပျော်ပါးနေတဲ့ ခရစ်စတင်းစတီးဝပ်

| No comment



Twilight ဇာတ်ကားနဲ့ အောင်မြင်မှုတွေကို ရယူခဲ့နိုင်တဲ့ မင်းသမီးချော ခရစ္စတင်းစတီးဝပ်ဟာ သူ့ကိုယ်သူ lesbian လို့ ခံယူထားတာကြာမြင့်ခဲ့ပါပြီ။


အခုတော့ သူမဟာ ချစ်သူဖြစ်တဲ့ စတယ်လာမက်ဇ်ဝဲလ်နဲ့အတူ လက်တွဲလျက်ရှိပြီး သူတို့နှစ်ယောက်နမ်းနေတဲ့ ပုံရိပ်တွေကို မီလန်မြို့က လေဆိပ်မှာ ပါပရာဇီတွေက အမိအရရိုက်ယူထားနိုင်ခဲ့ပါတယ်။

ခရစ္စတင်းဟာ ဆံပင်ကို အနောက်လန် Bomber ဂျက်ကက်အနက်ရောင်ကိုဝတ်ဆင်ထားတဲ့ အပြင် နေကာမျက်မှန်တစ်လက်ကိုလည်း တပ်ထားတာကြောင့် သူ့ပုံစံကြည့်ရတာကတော့ လုံးဝ ယောက်ျားလေးဆန်နေခဲ့ပါတယ်။

စတီးဝပ်နဲ့ မက်ဇ်ဝဲလ်တို့ဟာ မနှစ်က မေလတည်းက တွဲခုတ်နေကြတာဖြစ်ပြီး ခရစ္စတင်းဟာ မက်ဇ်ဝဲလ်နဲ့ မတွေ့ဆုံခင်မှာ ကောင်မလေးပေါင်းများစွာကို ဒိတ်လုပ်ခဲ့တာပါ။ ခရစ်စတင်းဟာ Twilight မင်းသားချော ရောဘတ်ပတ်တင်ဆန်နဲ့ လမ်းခွဲပြီးတဲ့နောက်မှာ အခုလိုပုံစံဖြစ်သွားတာလည်း ဖြစ်ပါတယ်။


( Mocha )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Aceshowbiz