Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Cinderella အဖြစ်သရုပ်ဆောင်ဖို့ ကမ်းလှမ်းမှုကို ရရှိခဲ့ဖူးတဲ့ Emma Watson

Cinderella အဖြစ်သရုပ်ဆောင်ဖို့ ကမ်းလှမ်းမှုကို ရရှိခဲ့ဖူးတဲ့ Emma Watson

| No comment


Emma Watson ကတော့ Disney မင်းသမီးအဖြစ် သရုပ်ဆောင်ဖို့ ကံပါလာခဲ့တာပါ။

မကြာခင်မှာ ထွက်ရှိတော့မယ့် Beauty and the Beast ဇာတ်ကားထဲမှာ Belle ဇာတ်ကောင်ကို လက်မခံခင် မူလက ပြန်လည်ဆန်းသစ်ထားတဲ့ Kenneth Branagh ရဲ့ ၂၀၁၅ ခုနှစ် က Disney ရုပ်ရှင် live-action ကမ်းလှမ်းခံခဲ့ရတဲ့ Emma Watson ဇာတ်လမ်းထဲမှာ Cinderella အဖြစ်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့် ငြင်းပယ်ခဲ့ကြောင်း Watson က ဖော်ပြခဲ့ပါတယ်။

Cinderella ဇာတ်ကောင်ကို ဘာဖြစ်လို့ ငြင်းပယ်လိုက်ရတာလဲ?

“Cinderella ကို ငြင်းလိုက်တုန်းက Beauty and the Beast ဇာတ်ကားကို ရိုက်ကြမယ်ဆိုတာ မသိသေးပါဘူး” လို့ Total Film ကို ပြောပြခဲ့ပါတယ်။ (ဇာတ်ကားထဲမှာ Downton Abbey သရုပ်ဆာင် Lily James က ပါဝင်ဖြစ်ခဲ့ပါတယ်။) “ဒါပေမယ့် Belle ကို ကမ်းလှမ်းလာတော့ ဒီဇာတ်ကောင်က Cinderella ထက်ပိုပြီးတော့ ကျွန်မနဲ့အကြောင်းတိုက်ဆိုင်တယ်လို့ ခံစားရပါတယ်”

အသက် ၂၆ နှစ်အရွယ် မင်းသမီးက အမျိုးသမီးတစ်ယောက်အနေနဲ့ Belle ရဲ့ စွမ်းရည်က သူမကို မိန်းကလေးငယ်တွေအတွက် စံပြပုဂ္ဂိုလ်ကောင်းတစ်ယောက်ဖြစ်စေပါတယ်။

“သူက စူးစမ်းချင်စိတ်ရှိတယ်၊ မေတ္တာဂရုဏာစိတ်ရှိတယ်၊ အမြင်ကျယ်တယ်။ ရွေးချယ်ခွင့်ရလာတော့ ဒါမျိုးအမျိုးသမီးက စံပြပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ကျွန်မ ပုံဖော်ချင်တာမျိုးပေါ့။ Belle မှာက လူထူးဆန်းတစ်ယောက်လို အရည်အသွေးမျိုးရှိတယ်။ ပြီးတော့ သူဆီက မျှော်လင့်ထားတဲ့ အာဏာကို ဖီဆန်တတ်တဲ့ ပုံစံမျိုးရှိတယ်။ ထူးဆန်းတဲ့နည်းလမ်းမျိုးနဲ့ သူနေထိုင်တဲ့ နေရာရဲ့ ရှိရင်းစွဲကို စိန်ခေါ်တတ်တယ်။ အဲ့ဒါမျိုးက စိတ်ကိုလှုံ့ဆော်ပေးတယ်လို့ မြင်မိတယ်။” လို့ သူကပြောပါတယ်။

“သူ့ရဲ့ဂုဏ်သိက္ခာနဲ့ လုံးဝလွတ်လပ်တဲ့ အမြင်ရှုထောင့်ကို ထိန်းသိမ်းထားနိုင်တယ်။ သူများတွေရဲ့အမြင်ကြောင့် အလွယ်တကူ စိတ်ယိုင်တာမျိုး၊ ဓာစာခံလုပ်ခံရတာကြောင့် စိတ်ယိုင်တာမျိုးမရှိဘူး” လို့ သူက ဆက်ပြောပါတယ်။

ပြန်လည်ဆန်းသစ်ထားတဲ့ live-action ဇာတ်လမ်းထဲမှာ Belle ရဲ့အဓိကကျတဲ့ ပင်ကိုယ်စရိုက် လက္ခဏာတွေကို နဂိုအတိုင်းထားထားပေမယ့် Watson က လူတွေချစ်ကြတဲ့ ဇာတ်ကောင်းကို ခေတ်မီဖို့အတွက် ပြောင်းလဲချက်အနည်းလုပ်ခဲ့ပါတယ်


“ကာတွန်းဇာတ်လမ်းထဲမှာ တီထွင်သူက သူမရဲ့အဖေဖြစ်ပေမယ့် ကျွန်မတို့က ဒါကို Belle အတွက် ရွေးချယ်လိုက်တယ်။ ကျွန်မက ‘ဇာတ်လမ်းရဲ့အစမှာ Belle ကဘာဖြစ်လို့ လူမဝင်ဆံ့ရသလဲဆိုတဲ့ အကြောင်းနဲ့ပတ်သက်ပြီးတော့ စာအုပ်ဖတ်ရတာသဘောကျတယ်ဆိုတာကလွဲပြီး အသေးစိတ်အချက်အလက်လဲမပါဘူး။

ပြီးတော့ သူက အားလပ်ချိန်တွေမှာဘာလုပ်တတ်သလဲ’ လို့တွေးမိတယ်။ ဒါနဲ့ သူအတွက် ကျွန်မတို့ နောက်ခံဇာတ်လမ်းဖန်တီးပေးလိုက်ကြတယ်။ သူက အဝတ်လျှော်စက်လိုမျိုးတီထွင်လိုက်တဲ့အတွက် အဝတ်လျှော်ရမဲ့အချိန်မှာ ထိုင်ပြီးစာဖတ်နေလို့ရတာပေါ့။
 ကျွန်မတို့က Belle ကို တီထွင်သူအဖြစ်ပြောင်းလိုက်တယ်။”

Beauty And The Beast ဇာတ်ကားကို ၂၀၁၇ ခုနှစ် မတ်လ ၁၇ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW