Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဂျိမ်းစ်ဘွန်းမင်းသား Daniel Craig လို Stormtrooper အဖြစ် Star Wars: Episode VIII မှာ Tom Hardy ပါဝင်ဖွယ်ရှိ

ဂျိမ်းစ်ဘွန်းမင်းသား Daniel Craig လို Stormtrooper အဖြစ် Star Wars: Episode VIII မှာ Tom Hardy ပါဝင်ဖွယ်ရှိ

| No comment


Tom Hardy ဟာ Star Wars: Episode VIII ဇာတ်ကားမှာ Stormtrooper အဖြစ် ပါဝင်ထားတယ် ဆိုတဲ့ သတင်းအပေါ် အင်တာဗျူးတစ်ခုမှာ ငြင်းဆန်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ သူက အဆိုပါ မေးခွန်းအပေါ် “ကျွန်တော်မသိဘူးဗျ၊ တကယ်လို့အဲ့လိုဆိုရင်ရော ခင်ဗျားဘယ်ကနေ သတင်းကြားလာတာလဲ” လို့ ဆိုခဲ့ကြောင်း Hollywood Reporter က ဆိုပါတယ်။

အဲ့လိုပြန်မေးတဲ့အပေါ် အင်တာဗျူးသူက အင်တာနက်ပေါ်က သိရတာဖြစ်ကြောင်းပြန်ပြောတဲ့အခါ “အာ၊ အင်တာနက်ကတော့ သတင်းမှားတွေ၊ ဖွသတင်းတွေနဲ့ ပွနေတဲ့ နေရာတစ်နေရာမဟုတ်လား၊ ဖြစ်တော့ဖြစ်နိုင်ပါတယ်” လို့ Hardy က ဆိုခဲ့တာပါ။

ဒီကောလာဟလသတင်းကို Star Wars ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ MakingStarWars.net ကနေ ဖွခဲ့တာဖြစ်ပြီး Hardy ဟာ ၂၀၁၅ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ J.J. Abrams ရဲ့ Star Wars Episode VII: The Force of Awakens မှာ Stormtrooper နေရာကနေ Cameo အဖြစ် ပါဝင်ခဲ့တဲ့ ဂျိမ်းစ်ဘွန်းမင်းသား Daniel Craig လိုမျိုးဖြစ်လာမှာပါ။

Hardy ဟာပြီးခဲ့တဲ့ နှစ်တုန်းက The Revenant ဇာတ်ကားနဲ့ အော်စကာ ဇကာတင်စာရင်းမှာ ပါဝင်ခဲ့ပေမယ့် Mark Rylance က ဆွတ်ခူးသွားခဲ့တာပါ။

Daniel Craig ရဲ့ Star Wars Episode VII: The Force of Awakens မှာ Cameo အဖြစ် ပါဝင်ခဲ့တဲ့ ဇာတ်ဝင်ခန်းကို အောက်ပါဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။



( U Min Thant )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)


Ref: Entertainment