Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Disney ရဲ့ Beauty And The Beast ပိုစတာ အသစ်ထွက်လာ

Disney ရဲ့ Beauty And The Beast ပိုစတာ အသစ်ထွက်လာ

| No comment


Beauty and The Beast ကို စောင့်မျှော်နေတဲ့ သူတွေအတွက်ကတော့ သတင်းကောင်းတစ်ခုပါပဲ။ Disney ဟာ သူတို့ရဲ့ ရုပ်ရှင်ဇာတ်ကားအတွက် လူသရုပ်ဆောင်တွေ ပါဝင်တဲ့ ပိုစတာသစ်တစ်ခုကို ထပ်မံထုတ်ဖော်လိုက်လို့ပဲ ဖြစ်ပါတယ်။

Harry Potter မင်းသမီး Emma Watson က Belle အဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး The Beast အဖြစ် Den Stevens က သရုပ်ဆောင်မှာပါ။

Cinderella နဲ့ ပြီးခဲ့တဲ့နှစ်တုန်းက Jungle Book ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်း အောင်မြင်မှုရယူခဲ့တဲ့နောက်ပိုင်းမှာ Disney ရဲ့ တတိယမြောက် ဇာတ်ကားသစ်အဖြစ်ထွက်လာမှာပါ။


 အဲ့ဒီအပြင် နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Ewan McGregor နဲ့ Ian McKellen တို့က Lumiere နဲ့ Cogsworth တို့အဖြစ်နဲ့ အသီးသီး ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

ပိုစတာထဲမှာတော့ Belle, The Beast တို့အပြင် Gaston နဲ့ LeFou တို့ကိုပါ တွေ့ရပါတယ်။ အဲ့ဒီအပြင် Prince Adam ရဲ့ ရံရွေတော်အဖြစ် သရုပ်ဆောင်မယ့်သူတွေရဲ့ ပုံရိပ်တွေလည်း ပါဝင်ခဲ့ပါတယ်။


ဒါရိုက်တာ Bill Condon ရိုက်ကူးမယ့် ဇာတ်ကားကို လာမယ့် မတ်လ ၁၇ရက်နေ့မှာ တစ်ကမ္ဘာလုံးကို ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။

( U Min Thant )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)


Ref : Disney