Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သီချင်းသစ် ထွက်မည့် Ed Sheeran

သီချင်းသစ် ထွက်မည့် Ed Sheeran

| No comment

နောက်ဆုံးတော့ ၂၀၁၇ ခုနှစ်လည်းရောက်လာပြီ အကြာကြီးစောင့်ခဲ့ရတဲ့ Ed Sheeran ရဲ့သီချင်းသစ်ကလည်း ဇန်နဝါရီလ ၆ ရက်ည သန်းခေါင်ယံမှာ ထွက်ရှိလာတော့မှာပါ။ နှစ်သစ်ကူးတဲ့နေ့မှာ Ed က သီချင်းသစ်က သောကြာနေ့မှာထွက်မယ်ဆိုတာကို ကြေညာခဲ့ပြီး အခုတော့ သီချင်းစာသားတွေကို မျှဝေခဲ့ပါတယ်။

နှစ်သစ်မှာ Ed Sheeran သီချင်းသစ်ကို နားဆင်ရတော့မှာပါ။ ပြီးတော့ ကြားရတာတော့ Ed ၆ နှစ်သားတုန်းက ခြေထောက်ကျိုးဖူးတယ်ဆိုပဲ။

Ed သီချင်းသစ်ရဲ့ စာသားတွေပါတဲ့ အသံတိတ်ဗီဒီယိုကို Twitter မှာတင်ခဲ့ပါတယ်။ စာသားကတော့ "When I was six years old I broke my leg." ဆိုတာပါပဲ။

မေးစရာရှိတဲ့ မေးခွန်း ၂ ခုကတော့ “အဲ့ဒီလို တကယ်ပဲဖြစ်ခဲ့တာလား Ed?” တကယ်သာဆိုရင် ခြေထောက်က ဘယ်လိုဖြစ်လို့ ကျိုးသွားတာလဲ?”

ဒါကတော့ ၂၀၁၄ ခုနှစ်ကထွက်ခဲ့တဲ့ x (အမြှောက်) နှင့် ၂၀၁၅ ခုနှစ်က Rudimental နှင့်အတူ ထွက်ခဲ့တဲ့ "Lay It All On Me" သီချင်းပြီးနောက်ပိုင်း ပထမဆုံးထွက်ရှိလာမဲ့ Ed ရဲ့ သီချင်းပဲဖြစ်ပါတယ်။ ဒီသီချင်းသစ်က ÷ (အစား) လို့ခေါ်မယ်လို့ ဇန်နဝါရီလ ၂ ရက်က Twitter မှာရေးသားခဲ့တဲ့ သဲလွန်စအရ သိရတဲ့ တတိယမြောက် အယ်လ်ဘမ်မှာပါဖြစ်ဖို့ များပါတယ်။

တကယ်တော့ ၂၀၁၅ ခုနှစ်က Entertainment Weekly နှင့်လုပ်ခဲ့တဲ့ အင်တာဗျူးမှာ နောက်ထွက်မည့် အယ်လ်ဘမ်အတွက် ရွေးချယ်စရာနှစ်ခုက - (အနုတ်) ဒါမှမဟုတ် ÷ (အစား) ဖြစ်မယ်လို့ Ed က ရှင်းပြခဲ့ပါတယ်။ “အဲ့ဒီနှစ်ခုထဲက ရွေးချယ်ရမှာပဲ။ ဒါပေမယ့် အယ်လ်ဘမ်က ဘယ်ဘက်ကို ဦးတည်ပြီးသွားမလဲဆိုတာ မသိသေးပါဘူး။ ခေါင်းစဉ်တိုင်းမှာ သူ့သဘောတရားနဲ့သူ ရှိပါတယ်။

x (အမြှောက်) ကို x (အမြှောက်) လို့ခေါ်တာက + (အပေါင်း) ထဲမှာ ပါခဲ့တာတွေအားလုံးကို ပိုကြီးထွားလာစေခဲ့လို့ပါ။ ဖျော်ဖြေရေးခန်မတွေ၊ သီချင်းတွေကအစ ရေဒီယိုမှာပါလာတွေ၊ ရောင်းချမှုအားကောင်းလာတွေ အထိပေါ့။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : iHeart