Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , EXO အဖွဲ့ဝင် Chanyeol ရဲ့ သရုပ်ဆောင်မှုကို ချီးကျူးလိုက်တဲ့ “Missing 9” ဇာတ်လမ်းတွဲ ပရိုဂျူဆာ

EXO အဖွဲ့ဝင် Chanyeol ရဲ့ သရုပ်ဆောင်မှုကို ချီးကျူးလိုက်တဲ့ “Missing 9” ဇာတ်လမ်းတွဲ ပရိုဂျူဆာ

| No comment

EXO အဖွဲ့ဝင် Chanyeol က လတ်တလောမှာ “Missing 9” ဇာတ်လမ်းတွဲမှာ ပါဝင်ထားပြီး ပရိုဂျူဆာက အဆိုတော်တစ်ယောက်ဖြစ်တဲ့သူရဲ့ သရုပ်ဆောင်အဖြစ် တိုးတက်လာမှုကို စောင့်မျှော်ကြည့်ရှုဖို့ ကြည့်ရှုသူပရိသတ်တွေကို ပြောခဲ့ပါတယ်။

ပရိုဂျူဆာ Jang Hyun Jin က “ဇာတ်လမ်းတွဲအစပိုင်းမှာ Chanyeol အခန်း သိပ်မပါတဲ့အတွက် သရုပ်ဆောင်စွမ်းရည်ကို ပြသခွင့်မရသေးပါဘူး။ ဒါပေမယ့် ဇာတ်လမ်း ရှေ့ဆက်လာတဲ့အလျောက် သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို တွေ့မြင်ခွင့်ရမှာ သေချာပါတယ်” လို့ပြောပြခဲ့ပါတယ်။

ပရိုဂျူဆာက ဇာတ်လမ်းတွဲရဲ့ နောက်ခံဇာတ်လမ်းအကြောင်းကို “လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်ကျန်သူ ၉ ယောက်က ကျွန်းတစ်ကျွန်းပေါ်မှာ သောင်တင်နေကြပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ဝါရင့်သရုပ်ဆောင်တွေလည်း ပါဝင်ပါတယ်။ Chanyeol က အဲ့ဒီသရုပ်ဆောင်တွေနဲ့ အတူပါဝင်ရတဲ့ ဇာတ်ဝင်ခန်းတွေမှာ လိုက်လျော်ညီထွေရှိပြီး သူတို့ကလည်း သူ့အပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။ Chanyeol က သရုပ်ဆောင်တွေရဲ့ ဦးဆောင်မှုနောက်ကို ကောင်းကောင်းလိုက်နိုင်ပြီး သရုပ်ဆောင်ပညာအတွက် သူတို့ဆီက အကူအညီရယူပါတယ်။

 ဟာသမြောက်တဲ့ အပိုင်းတွေလည်းပါပေမယ့် မျှော်လင့်ချက်ကင်းမဲ့တဲ့ အခြေအနေမျိုးမှာ စိတ်ထိခိုက်ဖွယ်ရာ ဇာတ်ဝင်ခန်းတွေကိုလည်း Chanyeol က သရုပ်ဆောင်ထားပါတယ်” လို့ ရှင်းပြပါတယ်။

ဒီဇာတ်လမ်းတွဲအပေါ်မှာ Chanyeol ရဲ့ လွှမ်းမိုးမှုကို ကြည့်ရှုသူတွေ မျှော်လင့်စောင့်စားကြဖို့ကို “ဒီဇာတ်လမ်းရဲ့ အရေးပါတဲ့ရှုထောင့်တစ်ခုက Chanyeol သရုပ်ဆောင်တစ်ယောက်အဖြစ် တိုးတက်လာတာကို စောင့်ကြည့်ဖို့ပါပဲ” လို့ပြောပါတယ်။

ပရိသတ်တွေအများကြီးကတော့ “Missing 9” ဇာတ်လမ်းတွဲထဲက Chanyeol ရဲ့ သရုပ်ဆောင်စွမ်းရည်ကို မြင်ရဖို့ စိတ်အားထက်သန်နေကြပါတယ်။ ဒီဇာတ်လမ်းတွဲကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့တိုင်း ကိုရီးယားစံတော်ချိန် ည ၁၀ နာရီတွင် MBC ရုပ်သံလိုင်းမှာ ပြသလျက်ရှိပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Soompi