MBC က တင်ဆက်မည့် အထူးဇာတ်လမ်းတွဲ 'Stars in the Universe' က EXO အဖွဲ့ဝင် Suho နှင့် မင်းသမီး Ji Woo တို့ပါဝင်ခဲ့ အဓိကပိုစတာထွက်ရှိလာပါတယ်။
'Stars in the Universe' က ‘3 Colored Fantasies' လို့ အမည်ပေးထားတဲ့ ပရောဂျက်ရဲ့ အထူးဇာတ်လမ်း ၃ ခုထဲက တစ်ခုဖြစ်ပါတယ်။ ဒီပရောဂျက်ကို Naver နှင့် MBC က ပူးပေါင်းတင်ဆက်တာဖြစ်ပြီး ဒီအထူးဇာတ်လမ်းတွဲ ၃ ခုကို Naver TV Cast မှာ အရင်ထုတ်လွှင့်ပြီး ကျန်တဲ့အပိုင်းကို MBC မှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။
‘3 Colored Fantasies' မှာ အားလုံးပေါင်း အပိုင်း ၉ ပိုင်းပါဝင်ပြီး ဇာတ်လမ်းတစ်ခုကို အပိုင်း ၃ ပိုင်း ပါဝင်မှာဖြစ်ပါတယ်။ 'Stars in the Universe' ကတော့ ထိပ်တန်းကြယ်ပွင့် Woo Joo (Suho သရုပ်ဆောင်သည်) နှင့် အမျိုးသမီး grim reaper Byul Ee (Ji Woo သရုပ်ဆောင်သည်) တို့ရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို ဇန်နဝါရီလကုန်လောက်မှာ စတင်ထုတ်လွင့်မှာဖြစ်ပါတယ်။
( RII )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : allkpop