Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ‘Goblin’ ဇာတ်လမ်းတွဲထဲမှာ Grim Reaper အဖြစ်သရုပ်ဆောင်ဖို့ အကြိမ်ကြိမ်ငြင်းပယ်ခံခဲ့ရတဲ့ Lee Dong Wook

‘Goblin’ ဇာတ်လမ်းတွဲထဲမှာ Grim Reaper အဖြစ်သရုပ်ဆောင်ဖို့ အကြိမ်ကြိမ်ငြင်းပယ်ခံခဲ့ရတဲ့ Lee Dong Wook

| No comment


tvN ရုပ်သံက ယခုလက်ရှိလွှင့်နေတဲ့ ‘Goblin’ ဇာတ်လမ်းတွဲထဲက Grim Reaper ဇာတ်ကောင်ကို  Lee Dong Wook မဟုတ်ဘဲ တခြားသူတစ်ယောက်က သရုပ်ဆောင်မယ်လို့ တွေးကြည့်ဖူးကြရဲ့လား?

စာရေးဆရာ Kim Eun Sook က Lee Dong Wook ကို Grim Reaper ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖို့ အစောပိုင်းတုန်းက အကြိမ်ပေါင်းများစွာ ငြင်းပယ်ခဲ့ပါတယ်။

‘Daily Economy’ သတင်းဌာနရဲ့ပြောပြချက်အရ 'Wild Romance', 'Iron Man', 'Bubble Gum', နှင့် အခြားဇာတ်လမ်းတွဲများစွာမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Lee Dong Wook က Kim Eun Sook ရဲ့ ‘Goblin’ ဇာတ်လမ်းတွဲ ဇာတ်ညွှန်းကိုတွေ့တော့ ဒုတိယဇာတ်ဆောင်နေရာက ပါဝင်ရမယ်ဆိုရင်တောင် ပါဝင်ချင်ပါတယ်ပြီး သူ့ဆန္ဒကို ဖော်ပြခဲ့ပါတယ်။

 သူ့တို့ ကုမ္ပဏီ King Kong Entertainment ရဲ့ ဥက္ကဌကိုယ်တိုင် Lee Dong Wook ကို ကူညီဖို့အတွက် စာရေးဆရာ Kim Eun Sook ကို ဆက်သွယ်ခဲ့ပေမယ့် ဇာတ်ကောင်နှင့် မလိုက်ဖက်ဘူးဆိုပြီး ရိုးရှင်းတဲ့အကြောင်းပြချက်နှင့် ငြင်းပယ်ခဲ့ပါတယ်။

စာရေးဆရာ Kim Eun Sook  ရဲ့ အစောပိုင်း တုံ့ပြန်ချက်ကြောင့် King Kong Entertainment ရဲ့ ဥက္ကဌက လက်လျော့လိုက်ပေမယ့် စာရေးဆရာနဲ့ မျက်နှာချင်းဆိုင်တွေ့ဖို့ကို Lee Dong Wook က လက်မလျော့ခဲ့ပဲ နောက်ဆုံးမှာတော့ သရုပ်ဆောင်တစ်ယောက်အနေနှင့် စာရေးဆရာက သူ့ကို ယုံကြည်လာအောင် လုပ်နိုင်ခဲ့ပါတယ်။

ကြည့်ရှုသူပရိသတ်တွေက လတ်တလောမှာ ‘Goblin’ ဇာတ်လမ်းတွဲထဲက Lee Dong Wook ရဲ့ စွဲဆောင်မှုရှိပြီး မှောင်မိုက်ပေမယ့် ရယ်စရာကောင်းသလို Gong Yoo၊ Kim Go Eun တို့နှင့်လည်း လိုက်ဖက်ညီတဲ့ သရုပ်ဆောင်မှုကို ချီကျူးလျက်ရှိပါတယ်။ Grim Reaper ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖို့အတွက် ဒီလောက်တောင် အားထုတ်ခဲ့တာ ဝမ်းသာစရာမကောင်းဘူးလား?

( RII )


#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : allkpop