ဇန်နဝါရီလ ၁၄ ရက်က ကျင်းပခဲ့တဲ့ ၃၁ ကြိမ်မြောက် Golden Disc Awards ဆုပေးပွဲမှာ EXO အဖွဲ့က Disc Daesang (Grand Prize, Album of the Year) ဆုကို ရရှိခဲ့ပါတယ်။
သူတို့အဖွဲ့က ဒီဆုကို ၄ နှစ်ဆက်တိုက်ရရှိခဲ့တာဖြစ်ပြီး ဆုပေးပွဲသမိုင်းကြောင်းတစ်လျှောက်မှာ Disc Daesang ဆုကို ၄ ကြိမ်ဆက်တိုက်ရရှိခဲ့တဲ့ ပထမဆုံးအနုပညာရှင်ဖြစ်လာပါတယ်။
၂၀၁၆ ခုနှစ်မှာ EXO အဖွဲ့က တတိယမြောက် full album “EX’ACT” နှင့် repackaged album
“Lotto” ထွက်ရှိခဲ့ပြီး အချပ်ရေ ၁ သန်းကျော်ရောင်းချခဲ့ရပါတယ်။
နှစ်ကုန်ပိုင်းမှာ ဆောင်ရာသီအယ်လ်ဘမ် မထွက်ခင် အဖွဲ့ဝင် Lay ရဲ့ တစ်ကိုယ်တော် ပွဲဦးထွက်လှုပ်ရှားမှုနှင့် အဖွဲ့ခွဲ EXO-CBX ရဲ့ ပွဲဦးထွက်လှုပ်ရှားမှုတို့အပါအဝင် တစ်ဦးချင်းလှုပ်ရှာမှုတွေနှင့် အဖွဲ့ခွဲလှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်။
EXO အဖွဲ့က ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့တဲ့ အယ်လ်ဘမ်တွေကို ၆ လကျော်လေးအတွင်မှာ
အယ်လ်ဘမ်အချပ်ရေ ၂.၁၃ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။
ကျေးဇူးတင်စကားပြောကြားချိန်မှာ Suho က “Golden Disc Awards ဆုပေးပွဲမှာ စီနီယာတွေ ဂျူနီယာတွေနှင့်အတူ စင်ပေါ်မှာ ရပ်နေရတာကို ဂုဏ်ယူစရာကောင်းနေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ကို ဆုကြီးနဲ့လည်း ဂုဏ်ပြုခဲ့ပါသေးတယ်။ ကျွန်တော်တို့ကို နာမည်ပေးခဲ့တဲ့ Lee Soo Man၊ SM မိသားစုနဲ့ ကျွန်တော်တို့ကို နောက်ကွယ်က ကူညီပေးခဲ့တဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့
EXO-L တွေကိုလည်း စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်။
အခုကတည်း ၂၀၁၇ ခုနှစ်အတွက်ြ ပင်ဆင်နေပြီဖြစ်တဲ့အတွက် စောင့်မျှော်အားပေးကြပါဦး။ We are one! EXO, let’s love!” လို့ပြောကြားခဲ့ပါတယ်။
တခြားအဖွဲ့ဝင်တွေကလည်း ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး
ဆက်လက်ပြီး ကြိုးစားသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ Kai ကလည်း ဇန်နဝါရီလ ၁၄ ရက်က သူ့မွေးနေ့ဖြစ်တဲ့အတွက် အကောင်းဆုံးလက်ဆောင်ရရှိခဲ့တာကိုေ ပျာ်ရွှင်ကြောင်း ဖော်ပြသွားပါတယ်။
( RII )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : Soompi