Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , နောက်ဆုံးသီချင်း “GOOD BYE” နှင့် ပရိသတ်တွေကို နှုတ်ဆက်မည့် 2NE1 အဖွဲ့

နောက်ဆုံးသီချင်း “GOOD BYE” နှင့် ပရိသတ်တွေကို နှုတ်ဆက်မည့် 2NE1 အဖွဲ့

| No comment

2NE1 အဖွဲ့ဝင်တွေက သီချင်းဗီဒီယိုရိုက်ကူးဖို့အတွက် ဇန်နဝါရီလ ၃ ရက်က နိုင်ငံခြားကို လျှို့ဝှက်သွားရောက်ခဲ့ကြောင်း ဇန်နဝါရီလ ၅ ရက်မှာ သတင်းပို့ခဲ့ပါတယ်။ Gong Minzy ကတော့ တခြားအေဂျင်စီတစ်နှင့် စာချုပ်ချုပ်ထားတဲ့အတွက် ယခုလာမည့် ပရောဂျက်မှာ မပါဝင်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

2NE1 အဖွဲ့သတင်းကို YG Entertainment က “ပရိသတ်တွေကို နောက်ဆုံးတစ်ခေါက် နှုတ်ဆက်ခွင့်မရလိုက်ဘဲ ရုက်တရက် အဖွဲ့ပြိုကွဲသွားတဲ့အတွက် 2NE1 အဖွဲ့ဝင်တွေက စိတ်မကောင်းကြပါဘူး။ ဒါကြောင့် နောက်ဆုံးသီချင်းတစ်ပုဒ်အတွက် ပူးပေါင်းဖို့ဖြစ်လာပါတယ်” လို့ အတည်ပြုပေးခဲ့ပါတယ်။

 ဒီသီချင်းကို CL, Sandara Park နှင့် Park Bom တို့က အသံသွင်းပြီး သီချင်းဗီဒီယိုလည်း ရိုက်ကူးပြီးသွားပြီဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
“2NE1 အဖွဲ့ကို ကိုရီးယားနိုင်ငံက သာမက နိုင်ငံတာကပါ ချစ်ကြပါတယ်။ သူတို့က အခုထွက်ရှိမည့် သီချင်းနှင့် တရားဝင် နောက်ဆုံးအကြိမ် နှုတ်ဆက်မှာဖြစ်ပါတယ်” လို့ ထပ်ပေါင်းပြောကြားခဲ့ပါတယ်။


2NE1 အဖွဲ့ပြိုကွဲတဲ့သတင်းက ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ ထွက်ရှိလာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလက YG နှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး Gong Minzy ကတော့ YG ကထွက်ပြီး တခြားအေဂျင်စီတစ်နှင့် စာချုပ်ချုပ်ခဲ့ပါတယ်။ တခြားအဖွဲ့ဝင် ၃ ယောက်က YG နှင့် အချိန်အကြာကြီး ဆွေးနွေးပြီးနောက် အဖွဲ့ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

CL နှင့် Sandara Park တို့က YG မှာပဲဆက်နေပြီး တစ်ကိုယ်တော် လှုပ်ရှားမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

2NE1 အဖွဲ့ရဲ့ နောက်ဆုံးသီချင်း “GOOD BYE” ကတော့ ဇန်နဝါရီလ ၂၁ ရက်မှာ ထွက်မှာဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Soompi