Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Justin Bieber ရဲ့'Love Yourself' သီချင်းကို သူကိုယ်တိုင်ဆိုဖို့ ရေးခဲ့တာဆိုတဲ့ Ed Sheeran

Justin Bieber ရဲ့'Love Yourself' သီချင်းကို သူကိုယ်တိုင်ဆိုဖို့ ရေးခဲ့တာဆိုတဲ့ Ed Sheeran

| No comment

Justin Bieber ရဲ့ အောင်မြင်ကျော်ကြားတဲ့ 'Love Yourself' သီချင်းက Ed
Sheeran ရေးထားတယ်ဆိုတာ လျှို့ဝှက်ချက်တော့မဟုတ်ပါဘူး။ ဒါပေမယ့်
ဒီသီချင်းကို ရေးတုန်းက Justin အတွက်ရည်ရွယ်ပြီး ရေးခဲ့တာမဟုတ်ဘူးလို့
အင်္ဂလိပ်လူမျိုး တေးရေး တေးဆို Ed Sheeran က မကြာသေးခင်က ပြောပြခဲ့ပါတယ်။

Bieber ကြောင့်သာမဟုတ်ရင် chart တွေမှာ ထိပ်ဆုံးက နေရာယူခဲ့တဲ့
ဒီသီချင်းက ထွက်လာမှာတောင်မဟုတ်ပါဘူး။

“ဒီသီချင်းက 'Divide' အတွက် ရေးထားခဲ့တာပါ။ ထွက်ချင်မှတောင် ထွက်လာမှာပါ။
နောက်တော့ Justin က ယူလိုက်ပြီး သူ့ကိုယ်ပိုင်ဟန်ပေါင်းလိုက်ပြီး single
အဖြစ်ထွက်လိုက်တော့ ဒီလိုဖြစ်လာတာပါ။

ဒီတော့ ဘယ်တော့မှ ထွက်မလာနိုင်တဲ့
သီချင်းကနေ ပြီးခဲ့တဲ့နှစ်တုန်းက အအောင်မြင်ဆုံး
သီချင်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။ ၂၀၁၆ ခုနှစ် တစ်နှစ်လုံးမှာ Billboard
နံပါတ် ၁ အဖြစ်ရပ်တည်ခဲ့တယ်။ ပြီးတော့ GRAMMYs မှာ Song of the Year
အဖြစ် ဆန်တာတင်စာရင်း ဝင်ခဲ့တယ်။ ဒါက အမြဲတမ်းပဲ ရေးပြီးသွားရင်
ပစ်မထားသင့်ဘူးဆိုတာ ပြနေတာပဲ” လို့ Sheeran က 97.1 AMP Radio မှာ
တနင်္လာနေ့က လွှင့်ခဲ့တဲ့ Carson Daly နှင့် အင်တာဗျူးမှာ ရှင်းပြခဲ့ပါတယ်။

Bieber က ဘယ်လို ကိုယ်ပိုင်ဟန်ထပ်ပေါင်းလိုက်တယ်ဆိုတာတော့ Sheeran က
အကျယ်ချဲ့မပြောပေမယ့် “Justin ရဲ့ အားထုတ်မှုလည်းပါပါတယ်။
ကျွန်တော်တစ်ယောက်တည်း လုပ်ထားတာ မဟုတ်ပါဘူး” ဆိုပြီး Purpose
အဆိုတော်ကို သေချာ credit ပေးခဲ့ပါတယ်။

Bieber ရဲ့ Twitter ကို သေချာအာရုံစိုက်ထားတဲ့သူတွေကတော့ နောက်ထပ် ၂၀၁၆
ခုနှစ်ရဲ့ အောင်မြင်ကျော်ကြားတဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Major Lazer/MØ
ပူးပေါင်းလုပ်ထားတဲ့ "Cold Water" သီချင်းမှာလည်း Sheeran ပါတယ်ဆိုတာ
သတိထားမိမှာပါ။ ဒါပေမယ့် ဒီသီချင်းကို တကယ်မကြားရသေးခင်အထိ Sheeran က
Bieber အတွက် အောင်မြင်တဲ့ သီချင်းတစ်ပုဒ် ရေးပေးမိပြန်ပြီဆိုတာ
သဘောမပေါက်ခဲ့ပါဘူး။


“"Cold Water" ကတော့ ထူးခြားတဲ့သီချင်းတစ်ပုဒ်ပဲ။

 ဘာဖြစ်လို့လဲဆိုတော့
အဲ့ဒီသီချင်းရှိတယ်ဆိုတာ ကျွန်တော် သိတောင်မသိခဲ့ဘူး။ ကျွန်တော်
သီချင်းတွေအများကြီး ရေးဖြစ်နေတုန်းက တစ်ပိုင်းတစ်စ ရေးခဲ့တာဖြစ်ရမယ်။


Benny Blanco ရဲ့ အိမ်မှာ ရေးဖြစ်ခဲ့ပြီးတော့ ‘“Cold Water" သီချင်းက
မိုက်တယ်။ ကျွန်တော် ယူသုံးလို့ရမလား?’ ဆိုပြီးတော့ Diplo ဆီက email
တစ်စောင်လာတယ်။ ကျွန်တော်ကလည်း ‘ဘာတွေလာပြောနေမှန်း မသိဘူး’ ဆိုပြီး
စာမပြန်ဘဲထားလိုက်တယ်။ နောက်တော့ “Justin ကလည်း “Cold Water" သီချင်းမှာ
ပါချင်တယ်တဲ့။ အဲ့ဒီလို လုပ်ရင် ရမလား?” ဆိုပြီး email တစ်စောင်
ထပ်ရောက်လာပြန်တယ်။

 ကျွန်တော်လည်း ‘ဘာတွေလာပြောနေတာလဲ?’ ပေါ့။ နောက်တော့
သီချင်းထွက်လာပြီး နံပါတ် ၁ ဖြစ်လာတော့ ‘ဪ ဒီသီချင်းကိုး’ ကျွန်တော်
လုပ်ခဲ့တာမှတ်မိသွားတယ်။ ဒါပေမယ့် တကယ့်ကို အရမ်းနှေးတဲ့
သီချင်းဖြစ်ခဲ့တာပါ။ ကြားမိလိုက်တဲ့အချိန်မှာ ‘ငါ့ပုံစံနဲ့ တူသားပဲ။


နေပါဦး ငါပဲဟ’ ဆိုပြီးဖြစ်သွားတာ မှတ်မိသေးတယ်” လို့ ပြောပြခဲ့ပါတယ်။
ပရိသတ်တွေက Ed Sheeran versions ဖြစ်တဲ့ "Cold Water" ဒါမှမဟုတ် "Love
Yourself" ကို ဘယ်တော့မှ ကြားရတော့မှာ မဟုတ်ပေမယ့် နောက်သီချင်းကိုတော့
ဒီဇင်ဘာလတုန်းက တစ်ခါ live ဆိုပြသွားပါသေးတယ်။

 'Divide' မှာ
ဘယ်လိုပုံစံတွေလာမလဲဆိုတာ ပြီးခဲ့တဲ့ တစ်ပတ်က အမြည်းပေးသွာပါတယ်။ Sheeran
က ဇာတိမြေ Suffolk, England ကို အရိုအသေပေးတဲ့အနေနဲ့ "Castle on the
Hill" နှင့် ဆွဲဆောင်မှုရှိတဲ့ "Shape of You" သီချင်းတို့လည်း
ထွက်ရှိခဲ့ပြီး ၂ ပုဒ်လုံးက ပြီးခဲ့တဲ့ သောကြာနေ့က iTunes ရဲ့
ထိပ်ဆုံးကို ရောက်ရှိခဲ့ပြီး ထွက်ပြီး ၂၄ နာရီအတွင်းမှာ  Spotify
စံချိန်တင်ခဲ့ပါတယ်။

'Divide' ထွက်ဖို့ရက် မသတ်မှတ်ရသေးပေမယ့် သိပ်မကြာခင်
ထွက်တော့မှာဖြစ်ပြီး သီချင်းသစ်တွေလည်း ထပ်ထွက်ဦးမှာပါလို့ Sheeran
ကပြောပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : billboard