Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , မင်းသမီး Kate Hudson နဲ့ ဒိတ်နေတယ်လို့ သတင်းထွက်နေတဲ့ ဘရက်ပစ်

မင်းသမီး Kate Hudson နဲ့ ဒိတ်နေတယ်လို့ သတင်းထွက်နေတဲ့ ဘရက်ပစ်

| No comment

မင်းသမီး အိန်ဂျလီနာဂျိုလီနဲ့ တရားဝင်ကွာရှင်းပြီးတဲ့နောက်မှာတော့ ဘရက်ပစ်တစ်ယောက် အချစ်သစ်ကို ရှာဖွေနေတဲ့ပုံပါပဲ။

အမေရိကန်မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ Kate Hudson နဲ့ ဒိတ်ဖို့ ဘရက်ပစ်ကြိုးစားလျက်ရှိနေတယ်လို့ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေက ပြောကြားထားပါတယ်။ အသက် ၃၇ နှစ်အရွယ် မင်းသမီးနဲ့အတူ RS တစ်ခုတည်ဆောက်နိုင်ဖို့ ဘရက်ပစ်က အဆင့်တွေတက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်တုန်းကတော့ သူတို့နှစ်ယောက်လုံးဟာ အတူတူအချိန်ဖြုန်းခဲ့ကြတယ်လို့ သိရပြီး Kate ရဲ့ Pacific Palisades က အိမ်မှာ အတူနေခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ မကြာခင်မှာတော့ အဲ့အိမ်ကို ဘရက်ပစ်တစ်ယောက် ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။ Kate ဟာဆိုရင်လည်း ခင်ပွန်းဟောင်းနဲ့ ၂၀၀၇ ခုနှစ်တည်းက ကွာရှင်းထားပြီးတဲ့နောက်မှာ လူလွတ်တစ်ယောက်ဖြစ်နေတာပါ။

ဘရက်ပစ်ဘက်ကတော့ ဒီသတင်းတွေကို ဘာမှမပြောထားခဲ့သလို မင်းသမီးဘက်ကလည်း ပြန်လည်ဖြေရှင်းထားတာတော့မရှိသေးပါဘူး။ သူတို့နှစ်ယောက်ဒိတ်နေတယ်ဆိုတဲ့ သတင်းကလည်း မိတ်ဆွေအဆင့်ခင်မင်မှုနဲ့ တွေ့ဆုံတာသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဘရက်ပစ်နဲ့ ဂျိုလီတို့ဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကမှ တရားဝင်ကွာရှင်းခဲ့တာဖြစ်ပြီး ကလေးတွေကိုတော့ ဂျိုလီကသာ တာဝန်ယူစောင့်ရှောက်ထားတာဖြစ်ပါတယ်။

( Mocha )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Aceshowbiz