Jung Da Bin နှင့် EXO အဖွဲ့ဝင် Kai က KBS ရုပ်သံဇာတ်လမ်းတွဲသစ် 'Andante' မှာ အတူပါဝင်သွားမှာဖြစ်ပါတယ်။
Kai က ပထဆုံးအကြိမ်အဖြစ် ဇာတ်လမ်းတွဲသစ်မှာခေါင်းဆောင်မင်းသားအဖြစ်ပါဝင်သွားမယ်လို့ မကြာသေးခင်က သတင်းတွေထွက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ SM Entertainment က “'Andante' ဇာတ်လမ်းတွဲမှာ Kai ပါဝင်မယ်ဆိုတာ မှန်ပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။
Jung Da Bin ရဲ့ R's Company ကလည်း “'Andante' ဇာတ်လမ်းတွဲအတွက်ေ ရွးချယ်ခံရတာမှန်ပါတယ်။ ၁၀ ရက်နေ့က ပထမဆုံး ဇာတ်ညွှန်းဖတ်ပွဲကို တက်ရောက်ခဲ့ပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။
'Andante' ဇာတ်လမ်းတွဲကတော့ အပိုင်း ၁၆ ပိုင်းပါဝင်မည့်
ကျောင်းဇာတ်လမ်းတွဲဖြစ်ပြီး အစအဆုံးပြီးအောင် ကြိုတင်ရိုက်ကူးထားမှာ
ဖြစ်ပါတယ်။ စတင်ထုတ်လွှင့်မည့်ရက်ကိုတော့ အတည်မပြုရသေးပါဘူး။
( RII )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : allkpop