Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , KBS Drama Awards ဆုပေးပွဲမှာ Park Bo Gumရဲ့ ဆုလက်ခံစကားကြောင့် မျက်ရည်ကျခဲ့တဲ့ Song Joong Ki

KBS Drama Awards ဆုပေးပွဲမှာ Park Bo Gumရဲ့ ဆုလက်ခံစကားကြောင့် မျက်ရည်ကျခဲ့တဲ့ Song Joong Ki

| No comment



Blossom Entertainment ရဲ့ တစ်ကုမ္ပဏီတည်းသားချင်း (၂၀၁၆
ခုနှစ်ရဲ့အကျော်ကြားဆုံး ကြယ်ပွင့်  ၂ပွင့်) ဖြစ်တဲ့ Song Joong Ki နှင့်
Park Bo Gumတို့ကတစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ဂရုစိုက်ကြောင်း၂၀၁၆ ခုနှစ်
KBS Drama Awards ဆုပေးပွဲမှာပြသခဲ့ပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်ကကျင်းပခဲ့တဲ့ပွဲမှာPark Bo Gum က “Moonlight Drawn by
Clouds” ဇာတ်လမ်းတွဲထဲကLee Youngအဖြစ်သရုပ်ဆောင်မှုအတွက် Male Top
Excellence Awardsဆုနှစ်ဆုထဲကတစ်ဆုကိုရရှိခဲ့ပါတယ်။

သူ့နာမည်ကိုကြေညာလိုက်ပြီးမိုက်ခရိုဖုန်းနားကိုတက်ရပ်လိုက်ချိန်ကတည်းကမျက်ရည်တွေဝဲနေပါပြီ။


Park Bo Gum က ငိုရင်းနှင့် ကျေးဇူးတင်စကားပြောစဉ်မှာ “ကျွန်တော်
“Moonlight Drawn by Clouds”ရိုက်နေတုန်းကလိုအပ်ချက်တွေအများကြီးရှိတယ်လို့ ခံစားခဲ့ရပါတယ်။

ဒါပေမယ့် ကျွန်တော့်ကိုအချိန်တိုင်းအကြံဉာဏ်ပေးခဲ့တဲ့ Song Joong Ki ကိုကျေးဇူးတင်ပါတယ်”  လို့ပြောခဲ့ပါတယ်။ မျက်ရည်တွေဝဲပြီး ဇာတ်လမ်းတွဲမှာအတူလုပ်ခဲ့တဲ့ သရုပ်ဆောင်တွေ၊ ဝန်ထမ်းတွေ၊ စက်အဖွဲ့သားတွေနှင့် သူ့အဖေကို ကျေးဇူးတင်စကားပြောနေချိန်မှာ ကင်မရာက Song Joong Ki မျက်ရည်ခဏခဏသုတ်နေတာကို ရိုက်ပြခဲ့ပါတယ်။

Park Bo Gum ရဲ့စကားအပြီးမှာ တင်ဆက်သူ Jun Hyun Moo က ငိုထားတဲ့အစအနကိုေ ဖျာက်ဖျက်ဖို့ကြိုးစားနေတဲ့ Song Joong Ki ကို “Song Joong Ki ဘာဖြစ်လို့ ဒီလောက်တောင် ငိုနေတာလဲလို့ စနောက်ခဲ့ပါတယ်။ ဘေးမှာထိုင်နေတဲ့ Song Hye Kyo ကလည်း သူ့ပခုံးကိုပုတ်ပြီး ရယ်ခဲ့ပါတယ်။ နောက်တော့ နှစ်ယောက်သား သူတို့မျက်နှာကို ကင်မရာကနေ ကာထားခဲ့ကြပါတယ်။


နောက်ပိုင်းမှာတော့ အဲ့ဒီညနေခင်းအတွက် တင်ဆက်သူလည်းဖြစ်တဲ့ Park Bo Gum
ကို Jun Hyun Moo က Song Joong Ki ကဘာဖြစ်လို့ ဒီလောက်တောင် ငိုတာလဲလို့မေးခဲ့ပါတယ်။ Park Bo Gum က ရယ်မောပြီးတော့ “သူက ကျွန်တော်တို့ ကုမ္ပဏီမှာအရမ်းတော်တဲ့ စီနီယာသရုပ်ဆောင်ပါ။ ကျွန်တော် ဒီဇာတ်လမ်းတွဲရိုက်နေတုန်းက အရမ်းအခက်အခဲကြုံခဲ့ရ ပြီးတော့ ဟန်ချက်မထိန်းနိုင်ဖြစ်ခဲ့တယ်။ Song Joong Ki က အဲ့ဒါကို
သူများထက်ပိုပြီးနားလည်ပြီးတော့ ကျွန်တော့်ကို အကြံဉာဏ်အများကြီးပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် အမှန်ကတယ်ေ ကျးဇူးတင်ကြောင်း ပြောချင်တာပါ” လို့ ရှင်းပြခဲ့ပါတယ်။

Song Joong Ki နှင့် Song HyeKyo တို့က “Descendants of the Sun” ဇာတ်လမ်းတွဲအတွက် Grand Award ကိုအတူလက်ခံရရှိခဲ့ပါတယ်။ Song Joong Ki ကေ ကျးဇူးတင်စကားမပြောခင် မျက်ရည်နောက်တစ်ကြိမ်ထပ်သုတ်ခဲ့ရပြီး “Park Bo Gum က ကျွန်တော့်ကိုငိုအောင်လုပ်သွားတယ်” လို့
ရယ်မောပြီးရှင်းပြခဲ့ပါတယ်။

သူကျေးဇူးတင်စကားပြောပြီးငိုနေတုန်းမှာပဲ ကင်မရာက Song Joong Ki အတွက်
ဂုဏ်ယူနေတဲ့ Park Bo Gum ကိုရိုက်ပြခဲ့ပါတယ်။


ပွဲအပြီးမှာ Jun Hyun Moo က Song Joong Ki နှင့် Park Bo Gumတို့ရဲ့ ခင်မင်မှုကလူပြောများတဲ့ hot topic တစ်ခုဖြစ်လာမှာ သေချာတယ်လို့ အရွှန်းဖောက်ခဲ့ပြီး သူတို့နှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်ေ ပွ့ဖက်ပေးခဲ့ကြပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Soompi