“Keeping up with the Kardashians” တီဗွီအစီအစဉ်ရဲ့ နာမည်ကျော်ညီအစ်မနှစ်ယောက်ဖြစ်တဲ့ Kim Kardashian နဲ့ Kendall Jenner တို့ဟာ လာမယ့်နှစ်အတွင်းမှာ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ သရုပ်ဆောင်သွားမှာပါ။ ဒီညီအစ်မနှစ်ယောက်ကတော့ မော်ဒယ်လ်အဖြစ် ရပ်တည်လာရာကနေ အခုလို သရုပ်ဆောင်ပြုလုပ်မယ့်ပေါ်မှာတော့ လူအတော်များများက စိတ်ဝင်စားနေပါတယ်။
သူတို့ပါဝင် သရုပ်ဆောင်မယ့် ဇာတ်ကားကတော့ နာမည်ကြီး အမျိုးသမီးသရုပ်ဆောင်တွေသာ ပါဝင်မယ့် Ocean’s Eight ဇာတ်ကားဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ ထွက်ရှိသွားဖို့ ရှိနေတာပါ။
ဒီဇာတ်ကားမှာတော့ နာမည်ကြီး မင်းသမီးတွေဖြစ်ကြတဲ့ Sandra Bullock, Rihanna, Anne Hathaway, Cate Blanchett, Helena Bonham Carter, Mindy Kaling နဲ့ Sarah Paulson တို့ပါဝင်မှာဖြစ်ပြီး Kim နဲ့ Kendall တို့လည်း ပါဝင်လာမယ်လို့ ဆိုတာကြောင့် အားလုံးက စိတ်ဝင်စားနေကြပါပြီ။
၂၀၁၈ ဇွန်လမှာ ရုံတင်မယ့် ဒီဇာတ်ကားအတွက်တော့ မစောင့်နိုင်အောင်ဖြစ်နေကြတဲ့ ပရိသတ်တွေလည်း ရှိနေကြပါတယ်။
( Mocha )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : MTV