Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Lee Hyun Woo နှင့် Red Velvet အဖွဲ့ဝင် Joy တို့ ဇာတ်လမ်းတွဲအသစ်တွင်အဓိကသရုပ်ဆောင်များအဖြစ်ပါဝင်မည်

Lee Hyun Woo နှင့် Red Velvet အဖွဲ့ဝင် Joy တို့ ဇာတ်လမ်းတွဲအသစ်တွင်အဓိကသရုပ်ဆောင်များအဖြစ်ပါဝင်မည်

| No comment


tvN ကထုတ်လွှင့်မည့် “She Loves Lies” ဇာတ်လမ်းတွဲအသစ်တွင် Lee Hyun Woo နှင့် Red Velvet အဖွဲ့ဝင် Joy တို့က အဓိကသရုပ်ဆောင်များအဖြစ် ပါဝင်မည်ဖြစ်ကြောင်း အတည်ပြုပေးလိုက်ပါတယ်။

“သရုပ်ဆောင် Lee Hyun Woo က ခေါင်းဆောင်မင်းသား Kang Han Gyul နေရာက ပါဝင်မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲက နှလုံးသားကို ကလိကလိဖြစ်စေမယ့် ဆန်းသစ်တဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်” လို့ ဇန်နဝါရီလ ၁၃ ရက်မှာ tvN က ဖော်ပြခဲ့ပါတယ်။

တစ်ရက်တည်းမှာပဲ Joy ရဲ့ အေဂျင်စီဖြစ်တဲ့ SM Entertainment ကလည်း “Joy က “She Loves Lies” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်မှာဖြစ်ပါတယ်” လို့ အတည်ပြုပေးလိုက်ပါတယ်။

“She Loves Lies” ဇာတ်လမ်းတွဲကတော့ သူဘယ်သူဖြစ်တယ်ဆိုတာ ဖုံးကွယ်ထားတဲ့ ပါရမီရှင် တေးရေးဆရာ Kang Han Gyul နှင့် ပွင့်လင်းတဲ့စရိုက်နှင့် ချိုသာတဲ့အသံရှင်ဖြစ်ပြီး Kang Han Gyul ကို မြင်မြင်ချင်း ချစ်မိသွားတဲ့ အထက်တန်းကျောင်းသူလေး Yoon So Lim တို့ကြားက ဖြူစင်တဲ့အချစ်ဇာတ်လမ်းဖြစ်ပါတယ်။

Lee Hyun Woo က “ဩဇာကိတ္တမနှင့် ပြည့်စုံတဲ့ Kang Han Gyul ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့ စိတ်လှုပ်ရှားနေခဲ့တာပါ။ သူ့ကို ဘယ်လိုသရုပ်ဖော်ရမလဲလို့ ပူပန်နေရတဲ့အချိန်တွေကတောင် ပျော်ဖို့ကောင်းပါတယ်။ ကြည့်ရူသူတွေကို နှုတ်ဆက်ခဲ့တာကြာပြီဖြစ်တဲ့အတွက် ဇာတ်လမ်းတွဲကောင်း တင်ဆက်နိုင်ကောင် ကြိုးစားပါ့မယ်” လို့ပြောပါတယ်။

“She Loves Lies” ဇာတ်လမ်းတွဲက Japanese manga “The Liar and His Lover” ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။  “She Was Pretty,” “Master’s Sun,” နှင့် “You’re Beautiful” တို့ကို ထုတ်လုပ်ခဲ့တဲ့ Bon Factory က ထုတ်လုပ်မှာဖြစ်ပါတယ်။ “Marriage Contract,” “Pride and Prejudice,” နှင့် “Time Between Dog and Wolf” တို့ကိုရိုက်ကူခဲ့တဲ့ ဒါရိုက်တာ (PD) Kim Ji Min က ရိုက်ကူးမှာဖြစ်ပါတယ်။

သရုပ်ဆောင်တွေအားလုံး ရွေးချယ်ပြီးသွားတာနှင့် ရိုက်ကူရေးစတင်မှာဖြစ်ပြီး မတ်လထဲမှာ “Introvert Boss” ဇာတ်လမ်းတွဲပြီးတာနှင့် တနင်္လာနေ့နှင့် အင်္ဂါနေ့တို့မှာ ပြသသွားမှာဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Soompi