Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , နောက်ဆုံးထွက် Logan ဇာတ်ကားက အရင် X-Men ဇာတ်ကားတွေနဲ့ တူညီတဲ့ Universe မှာအခြေတည်ထားတာမဟုတ်ကြောင်း Hugh Jackman ပြောကြား

နောက်ဆုံးထွက် Logan ဇာတ်ကားက အရင် X-Men ဇာတ်ကားတွေနဲ့ တူညီတဲ့ Universe မှာအခြေတည်ထားတာမဟုတ်ကြောင်း Hugh Jackman ပြောကြား

| No comment

Logan ဇာတ်ကားက အခု X-Men Universe ဇာတ်ကားတွေ အပြီး သိပ်မဝေးတော့တဲ့ အနာဂတ်မှာ အခြေတည်ထားတယ်ဆိုတာ သိပြီးသားပါ။ ဒါပေမယ့် Hugh Jackman ကတော့ အဆက်အစပ်က မရှိသလောက်ပဲလို့ပြောပါတယ်။

ဒီဇာတ်ကားက နောက်ဆုံးပဲဆိုတာသိတော့ 20th Century Fox က James Mangold နှင့် Jackman ကို ဘာမှမဆွဲရသေးတဲ့ ကားချပ်ပြောင်ကို ပေးလိုက်ကြောင်း Jackman က Digital Spy ကို ပြောပြခဲ့ပါတယ်။ “ဒီတော့ Jim နဲ့ ကျွန်တော်က ဘာမှမဆွဲရသေးတဲ့ ကားချပ်ပြောင်ကိုရထားတော့ တကယ်မတူတဲ့ ပုံစံမျိုးလုပ်ပြချင်တယ်။



Wrestler တို့ Unforgiven တို့ကို ကျွန်တော် စဉ်းစားမိတယ်။ သူကလည်း Unforgiven နဲ့ သူ့ဇာတ်ကောင်နဲ့ တကယ်လိုက်ဖက်မယ်လို့ ထင်ရတဲ့ The Gauntlet တို့လို တခြားဇာတ်ကားတွေကို စဉ်းစားမိတယ်။ အစောပိုင်းမှာ Wolverine နဲ့ လုံးဝမဆိုင်ဘဲ လူကို အသားပေးထားတဲ့ ဇာတ်လမ်းနာမည်ပေးဖို့ အကြံရခဲ့တယ်။ ပြီးတော့ တစ်သက်လုံး Wolverine ဖြစ်ခဲ့တဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေက ဘာတွေဖြစ်တယ်ဆိုတာပေါ့”



“အဖက်ဖက်ကကြည့်ရင်တော့ တစ်ကိုယ်တော် ဇာတ်ကားနဲ့ ပိုတူပါတယ်။ တခြားဇာတ်ကားတွေထဲမှာပါတဲ့ ဇာတ်လမ်းနဲ့ အချိန်ကာလကို သိပ်အကျိုးမပြုပါဘူး။ Patrick Stewart ပါတဲ့အတွက် ပေါင်းကူးတာမျိုးတော့ရှိတယ်ဆိုတာ သိသာပါတယ်။ ဒါပေမယ့် အရမ်းကို ကွဲပြားခြားနားပြီး သစ်လွင်ပါတယ်”

ရှုပ်ထွေတဲ့ X-Men Universe အချိန်ကာလကို လိုက်ဖက်ညီအောင်လုပ်ဖို့ ကြိုးစားတဲ့အကြောင်းကို “တကယ်တော့ ဇာတ်လမ်းဆင်တဲ့နေရာမှာ အထောက်အကူမဖြစ်ပါဘူး။ ပြီးတော့လည်း ပြန့်ကျဲနေတယ်။ အပြစ်ရှာတာတော့ မဟုတ်ပါဘူး။ ရုပ်ပြစာအုပ်ထဲမှာ X-Men က ပထမဆုံး ရုပ်ရှင်ပါ။ နောက်ထပ်ဇာတ်ကားတွေ၊ မတူတဲ့ ဒါရိုက်တာတွေ ဇာတ်လမ်းခွဲတွေထွက်လာမယ်ဆိုတာ ဘယ်သူမှ မထင်ထားပါဘူး” လို့ပြောပြပါတယ်။


“ဇာတ်ကား တစ်ကားလုံးအပြည့် ကြည့်တဲ့အခါကြရင် နားလည်သွားမှာပါ။ အချိန်ကာလနှင့် သဘောသဘာဝ မတူတာတင်မကသေးဘူး Universe ကလည်း နည်းနည်းကွာခြားသေးတယ်။ တကယ်တော့ မတူညီတဲ့စံတစ်မျိုးဖြစ်ပြီးတော့ ကြည့်လိုက်ရင် ရှင်းသွားမှာပါ” လို့ ဇာတ်ကားရဲ့ တစ်ကိုယ်တော်ရပ်တည်တဲ့ သဘာဝကို ရှင်းပြပါတယ်။


ဒီကိစ္စနှင့်ပတ်သက်ပြီး ဒါရိုက်တာ James Mangold က “Hugh Jackman က အဲ့ဒီလိုပြောတယ် မထင်ပါဘူး။ ရှင်းရှင်းလေးပြောရရင် ဒီဇာတ်ကားက ၂၀၂၉ ခုနှစ်မှာ ဖြစ်ပွားတဲ့အတွက် X-Men ဇာတ်ကားထဲမှာ ဖြစ်ခဲ့တာတွေအားလုံးရဲ့နောက် ၅ နှစ်အကြားမှာ အခြေတည်ထားတာပါ” လို့ Twitter မှာရေးသားခဲ့ပါတယ်။


မတ်လ ၃ ရက်မှာထွက်ရှိမယ့် ဇာတ်ကားထဲမှာ မဝေးတော့တဲ့ အနာဂတ်မှာ ပင်ပန်းနွမ်းလျနေတဲ့ Logan က မက်ဆီကိုနယ်စပ်မှာ ပုန်းနေရင်းနဲ့ ဝေဒနာခံစားနေရတဲ့ Professor X ကို ပြုစုပေးနေပါတယ်။ ဒါပေမယ့် လောကကြီးနဲ့ သူ့ရဲ့ရာဇဝင်ကနေ ရှောင်ပုန်းဖို့လုပ်နေတဲ့ Logan ရဲ့အားထုတ်မှုက မကောင်းမှုတွေ နောက်ကလိုက်တာခံနေရတဲ့ ငယ်ရွယ်သူ သန္ဓေပြောင်းလူသားတစ်ယောက် ရောက်လာတဲ့အခါမှာ ကျွမ်းပြန်သွားပါတော့တယ်။

ဒီဇာတ်ကားမှာ Hugh Jackman, Sir Patrick Stewart, Eqriq La Salle, Stephen Merchant, Elise Neal နှင့် Elizabeth Rodrigurz တို့ပါဝင်ပါတယ်။ David James Kelly ရဲ့ဇာတ်ညွှန်းကို James Mangold ကရိုက်ကူးမှာဖြစ်ပါတယ်။ Hugh Jackman အတွက် ရုပ်ရှင်ဇာတ်ကားကြီးမှာ ဒီဇာတ်ကောင်အဖြစ် ၉ ကြိမ်မြောက်သရုပ်ဆောင်ခြင်းဖြစ်ပါတယ်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : ComingSoon