Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Logan ဇာတ်လမ်းအကျဉ်းထွက်ရှိ

Logan ဇာတ်လမ်းအကျဉ်းထွက်ရှိ

| No comment


Hugh Jackman က Wolverine အဖြစ်နောက်ဆုံးသရုပ်ဆောင်ထားတဲ့ Logan ဇာတ်လမ်းအကျည်းကို 20th Century Fox က Hugh Jackman မှတဆင့် ဖော်ပြလိုက်ပါတယ်။


ဇာတ်လမ်းအကျည်းကတော့ ‘မဝေးတော့တဲ့ အနာဂတ်မှာ ပင်ပန်းနွမ်းလျနေတဲ့ Logan က မက်ဆီကိုနယ်စပ်မှာ ပုန်းနေရင်းနဲ့ ဝေဒနာခံစားနေရတဲ့ Professor X ကို ပြုစုပေးနေပါတယ်။ ဒါပေမယ့် လောကကြီးနဲ့ သူ့ရဲ့ရာဇဝင်ကနေ ရှောင်ပုန်းဖို့လုပ်နေတဲ့ Logan ရဲ့အားထုတ်မှုက မကောင်းမှုတွေ နောက်ကလိုက်တာခံနေရတဲ့ ငယ်ရွယ်သူ သန္ဓေပြောင်းလူသားတစ်ယောက် ရောက်လာတဲ့အခါမှာ ကျွမ်းပြန်သွားပါတော့တယ်’ လို့ဖော်ပြထားပါတယ်။


ဇာတ်လမ်းနမူနာထွက်လာပြီးပေမယ့် ဘာမှသိပ်မသိရသေးပါဘူး။ ဒီဇာတ်ကားမှာ အဓိကရန်ဘက်ကတော့ The Reavers နှင့် ရဲ့ အကြိုက်ဆုံးအဖွဲ့ဖြစ်တဲ့ Weapon X  ဖြစ်မယ်လို့တော့ သိထားပါတယ်။ ဒီဇာတ်ကားမှာ Mr. Sinister ရဲ့ ဇာတ်ကောင်ကတော့ Dafne Keen သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းရဲ့ လမ်းခရီးတစ်လျှောက်မှာပါဝင်လာမဲ့  Wolverine ရဲ့ ကိုယ်ပွားငယ်ဖြစ်တဲ့ ကောင်မလေး  X-23 ဖန်တီးမှုနှင့် ဆက်စပ်နေဖို့များပါတယ်။


Hugh Jackman အတွက် ရုပ်ရှင်ဇာတ်ကားကြီးမှာ ဒီဇာတ်ကောင်အဖြစ် ၉ ကြိမ်မြောက်သရုပ်ဆောင်ခြင်းဖြစ်တဲ့ ဒီဇာတ်ကားမှာ Sir Patrick Stewart လည်းပါဝင်ပါတယ်။ Michael Green, Scott Frank နှင့် Mangold တို့ရဲ့ဇာတ်ညွှန်းကို James Mangold ကရိုက်ကူးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို Simon Kinberg, Hutch Parker နှင့် Lauren Shuler Donner တို့က ထုတ်လုပ်မှာပါ။


Logan ဇာတ်ကားမှာ ပါဝင်မည့်သရုပ်ဆောင်တွေကတော့ Richard E. Grant, Boyd Holbrook, Stephen Merchant နှင့် Dafne Keen တို့ဖြစ်ပါတယ်။ Logan ကို ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်တွင် ရုံတင်ပြသမှာဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : DailyMail