Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ချစ်သူနဲ့လမ်းခွဲလိုက်ပြီဖြစ်တဲ့ Louis Tomlinson

ချစ်သူနဲ့လမ်းခွဲလိုက်ပြီဖြစ်တဲ့ Louis Tomlinson

| No comment

One Direction အဖွဲ့ဝင်အဆိုတော် Louis Tomlinson ကတော့ တစ်နှစ်ကျော်ကြာလက်တွဲခဲ့တဲ့ ချစ်သူ Danielle Campbell နဲ့ လမ်းခွဲလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ချစ်သူတွေလို romance တွေရှိတော့မှာမဟုတ်ဘဲ သူငယ်ချင်းလိုပဲ နေထိုင်သွားဖို့ နှစ်ယောက်လုံး သဘောတူဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

သူတို့နှစ်ယောက်ဟာ အခုထက်ထိ အခေါ်အပြောလည်း ရှိနေဆဲဖြစ်ပြီး နှစ်ယောက်ကြား ဆိုးရွားတဲ့ ဆက်ဆံရေးမရှိဘူးလို့ သိရပါတယ်။ အခုလိုလမ်းခွဲလိုက်တာဟာ လူးဝစ်ရဲ့ အမေ ဂျိုဟန်နာဒီကင်း သေဆုံးပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ ဖြစ်ပေါ်ခဲ့တာပါ။

သူတို့နှစ်ယောက်လုံးကတော့ ခရစ္စမတ်ကာလတုန်းကလည်း နွေးနွေးထွေးထွေးရှိနေခဲ့ပြီး Danielle Campbell တောင် သူမရဲ့ Instagram မှာ လူးဝစ်နဲ့ ပုံကိုတင်ထားခဲ့ပါတယ်။

Danielle ဟာ လူးဝစ်ကို အတော်လေးကို ချစ်ပုံပေါ်ခဲ့ပေမယ့်လည်း ဒီတိုင်းဆက်သွားရင် မဖြစ်နိုင်တော့ဘူးထင်တာကြောင့် လူးဝစ်က လမ်းခွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လူးဝစ်ကတော့ တစ်နှစ်အရွယ်သူ့သားနဲ့ သူ့ရဲ့ တစ်ကိုယ်တော် အနုပညာလမ်းအတွက် ပြင်ဆင်မှုတွေ ပြန်လည်ပြုလုပ်သွားမှာဖြစ်ပေမယ့်လည်း Danielle ကတော့ သရုပ်ဆောင် Gregg Sulkin နဲ့ လန်ဒန်မြို့မှာ လက်တွဲလမ်းလျှောက်နေပြီဖြစ်ပါတယ်။

( Mocha )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Aceshowbiz