Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အဆင်မပြေမှုတွေနှင့် Mariah Carey ရဲ့ နှစ်သစ်ကူးဖျော်ဖြေမှု

အဆင်မပြေမှုတွေနှင့် Mariah Carey ရဲ့ နှစ်သစ်ကူးဖျော်ဖြေမှု

| No comment

နှစ်သစ်အကြိုညက Mariah Carey ရဲ့ အချိန်ကိုက်နှုတ်ခမ်းလှုပ်ဖျော်ဖြေမှုမှာ ဘာတွေမတော်တဆဖြစ်ခဲ့တာလဲလို့ မေးရင်တော့ သူရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့အဖြေအရ စက်ချို့ယွင်းမှုဖြစ်တာပါ။

စနေနေ့ညကထုတ်လွှင့်ခဲ့တဲ့ Dick Clark’s New Year’s Rockin’ Eve with Ryan Seacrest ဖျော်ဖြေပွဲမှာဖြစ်ခဲ့တဲ့ အဆင်မပြေမှုတွေနဲ့ပတ်သက်ပြီး Careyရဲ့အဖွဲ့က ပြောရေးဆိုခွင့်ရှိသူက ပြောပြခဲ့ပါတယ်။ “ကံဆိုးစွာနဲ့ပဲ အခြေအနေအရဖျော်ဖြေမှုဆက်လုပ်ဖို့ ဘယ်လိုမှမတတ်နိုင်ပါဘူး” လို့ Associated Press ကို ပြောပြခဲ့ပါတယ်။

Careyက Times Squareမှာဖျော်ဖြေမှုကို “Auld Lang Syne” သီချင်းနှင့် စတင်ခဲ့ပေမယ့် နောက်ခံဖွင့်ထားတဲ့သီချင်းနှင့် သူသီဆိုနေတဲ့သီချင်းက မကိုက်ညီကြောင်း ပရိသတ်တွေက အလျင်အမြန် ထောက်ပြခဲ့ပါတယ်။

ဒုတိယသီချင်း “Emotions” ကို သီဆိုရာမှာတော့ “ကျွန်မတို့ ဘာမှမကြားရပေမယ့်
အခုတော့ဖြစ်အောင်လုပ်ပါ့မယ်” လို့ နားကြပ်က ခဏခဏထွက်ကျလာပုံရတဲ့အချိန်မှာ
ပရိသတ်တွေကိုပြောခဲ့ပါတယ်။
အဲ့ဒီကစပြီးတလွဲဖြစ်တာတွေကပိုဆိုးလာတော့တာပါပဲ။

“ကျွန်မတို့ ဒီသီချင်းအတွက် ကြိုတင်သီချင်းတိုက်မထားပါဘူး။ဒီတော့ နံပါတ် ၁ ဖြစ်သွားတယ်လို့ပဲပြောလိုက်ကြတာပေါ့။ အဲ့ဒီလိုဖြစ်သွားတာပဲလေ” လို့
နောက်ပိုင်း စင်ပေါ်မှာမှတ်ချက်ချသွားခဲ့ပါတယ်။

နောက်ဆက်တွဲအနေနဲ့ Carey က “ဖြစ်တတ်ပါတယ်။ အားလုံးပဲ ပျော်ရွှင်ပြီး
ကျန်မာတဲ့နှစ်သစ်ဖြစ်ပါစေ။ ၂၀၁၇ ခုနှစ်မှာလည်း သတင်းခေါင်းစဉ်ကနေ
ပါလာပြန်ပြီပေါ့” လို့ Twitterမှာရေးသားခဲ့ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW