Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , မင်းသမီးတွေပဲဦးဆောင်ပါဝင်ထားတဲ့ Ocean’s 8 ဇာတ်ကား ဇာတ်ဝင်ခန်းမှ ပထဆုံးဓာတ်ပုံထွက်ရှိလာ

မင်းသမီးတွေပဲဦးဆောင်ပါဝင်ထားတဲ့ Ocean’s 8 ဇာတ်ကား ဇာတ်ဝင်ခန်းမှ ပထဆုံးဓာတ်ပုံထွက်ရှိလာ

| No comment

နယူးယော့မြို့မြေအောက်ရထားပေါ်ကို လှမ်းတက်လိုက်တဲ့အခါမှာ ဒီလိုမြင်ကွင်းမျိုးမြင်ရမယ်လို့ စဉ်းစားဖူးရဲ့လား? Ocean’s ဇာတ်လမ်းတွဲတွေရဲ့ spinoff ဖြစ်ပြီး အမျိုးသမီးဇာတ်ကောင်တွေပဲပါဝင်ထားတဲ့ Ocean’s 8 ဇာတ်ဝင်ခန်းထဲက ဓာတ်ပုံမှာဆိုရင်တော့ ဖြစ်နိုင်ပါတယ်။

ဒီဓာတ်ပုံထဲမှာ အရမ်းတော်တဲ့ သူခိုးဂိုဏ်းရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ Sandra Bullock က Debbie Ocean (George Clooney ရဲ့ဇာတ်ကောင် Danny Ocean ရဲ့ ညီမ ဖြစ်မယ်လို့ ထွက်နေတဲ့ကောလဟာလတွေကို ပိုခိုင်မာလာစေပါတယ်) ၊ Cate Blanchett က Lou အဖြစ်၊ Rihanna က Nine Ball အဖြစ်၊ Mindy Kaling က Amita အဖြစ်၊ Awkwafina က Constance အဖြစ်၊ Helena-Bonham Carter ကRose အဖြစ်၊ Anne Hathaway က Daphne Kluger အဖြစ်နှင့် Sarah Paulson က Tammy အဖြစ်ပါဝင်မှာဖြစ်ပါတယ်။

ဇာတ်လမ်အကြောင်းကို သေချာမသိရသေးပေမယ့် ဒီအဖွဲ့က ကျော်ကြားတဲ့ Met Gala ပွဲမှာ ရာစုနှစ်ရဲ့ အကြီးမားဆုံး လုယက်မှုကြီးကို ကြံစည်မှာကိုတော့ သိထားပါတယ်။ Vogue ရဲ့ Anna Wintour ၊ ဒီဇိုင်နာ Alexander Wang နှင့် Zac Posen, Vanity Fair ရဲ့ Derek Blasberg တို့က ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။ Richard Armitage လည်းပါဝင်မှာဖြစ်ပြီး ဇာတ်လမ်းတွဲထဲက အခြား ရင်းနှီးနေတဲ့သူတွေလည်းပါဝင်မယ်လို့ ပြောသံတွေကြားနေရပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လ ၈ ရက်မှာ Ocean’s 8 ဇာတ်ကားကို ရုံတင်လိုက်ရင်တော့ အားလုံးရှင်းရှင်းလင်းလင်းသိရတော့မှာပါ၊

( RII )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : EW