Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , လက်ထပ်တော့မည့် Rain နဲ့ Kim Tae Hee

လက်ထပ်တော့မည့် Rain နဲ့ Kim Tae Hee

| No comment



ဇန်နဝါရီလ ၁၇ ရက်မှာ Rain က Kim Tae Hee နှင့် စေ့စပ်လိုက်တဲ့အကြောင်းကို လက်ရေးစာနှင့် ရေးသားပြီး Instagram မှာ တင်ခဲ့ပါတယ်။ စာထဲမှာတော့

“ဟယ်လို ချမ်းအေးလှတဲ့ ဒီဆောင်းတွင်းမှာ အားလုံးပဲ ကျမ်းမာကြမယ်လို့
မျှော်လင့်ပါတယ်။ ကျွန်တော်ကတော့ Jung Ji Hoon ပါ။ ကျွန်တော် အနုပညာအလုပ်တွေကို ပွဲဦးထွက် လုပ်ခဲ့တာ ၁၆ နှစ်တောင်ရှိသွားပါပြီ။ ကျွန်တော့်နဲ့ အမြဲတမ်းအတူရှိခဲ့တဲ့
ပရိသတ်တွေလည်း လှပတဲ့ အမျိုးသမီးတွေ မိခင်တွေဖြစ်နေကြပြီ။

မိသားစုထဲမှာ အကြီးဆုံးသားဖြစ်တဲ့ ကျွန်တော်လည်း အခုတော့ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်လာတော့မှာပေါ့။ Kim Tae Hee က ဝမ်းနည်းတဲ့အချိန်ဖြစ် ဝမ်းသာတဲ့အချိန်ဖြစ်စေ မပြောင်းမလဲဘဲ ကျွန်တော့်နားမှာ အမြဲတမ်းရှိနေပေးပါတယ်။ ကျွန်တော်တို့ရဲ့
တစ်ယောက်ကိုတစ်ယောက် ယုံကြည်တဲ့ ချစ်ခင်တဲ့စိတ်က အမြဲတမ်းပဲ ခိုင်မာနေတာကြောင့် လက်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

အခုလက်ရှိအခြေအနေက မတည်ငြိမ်တဲ့အတွက် ကျွန်တော်တို့တတ်နိုင်သလောက်
အေးအေးချမ်းချမ်းနှင့် နှိမ့်ချပြီး မင်္ဂလာပွဲကို ကျင်းပပါ့မယ်။ ဒါကြောင့်
အသေးစိတ်အချက်အလက်ကိုတော့ လူသိရှင်ကြား မကြေညာနိုင်တဲ့အတွက်
တောင်းပန်ပါတယ်။

ကျွန်တော့်ကို ၁၆ နှစ်ကျော် ချစ်ခင်အားပေးလာခဲ့တဲ့သူတွေအားလုံးကို
နောက်တစ်ခေါက်ထပ်ပြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော် အဆိုတော်အဖြစ်ရော
သရုပ်ဆောင်အဖြစ်ရော မဝင့်မကြွားဘဲ တာဝန်သိစိတ်နှင့်
ဆက်လက်လုပ်ဆောင်သွားမှာပါ။


သူမက ကျွန်တော့်အတွက် အကောင်းဆုံးလက်ဆောင်ပါပဲ” လို့ရေးသားထားပါတယ်။
Rain နှင့် Kim Tae Hee က ၄ နှစ်ကြာ လက်တွဲခဲ့တာဖြစ်ပါတယ်။
အချို့သတင်းတွေကတော့ မင်္ဂလာပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကျင်းပမယ်လို့
ဖော်ပြထားပေမယ့် အတည်မပြုရသေးပါဘူး။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Soompi