ဇန်နဝါရီလ ၁၉ ရက်က ကျင်းပခဲ့တဲ့ ၂၆ ကြိမ်မြောက် Seoul Music Awards ဆုပေးပွဲမှာ EXO အဖွဲ့က ၄ နှစ်ဆက်တိုက် Grand Prize ရရှိပြီး စံချိန်ချိုးခဲ့ပါတယ်။ ဆုပေးပွဲမှာ EXO အဖွဲ့က Fandom School Award နှင့် Bonsang ဆု အပါအဝင် ဆု ၃ ဆုရရှိခဲ့ပါတယ်။
အဖွဲ့ခေါင်းဆောင် Suho က “ကျွန်တော့် ဘဝဆောင်ပုဒ်က ‘နောင်တမရှိဘဲ နေသွားရအောင်’ ဖြစ်ပါတယ်။ ကျွန်တော့် တစ်ဘဝလုံးမှာ နောက်တမရဆုံးကိစ္စကတော့ EXO အဖွဲ့ဝင်ဖြစ်လာတာပါပဲ။ စင်မြင့်ပေါ်မှာ ဖျော်ဖြေခွင့်ရတာ၊ ချစ်ဖို့ကောင်းတဲ့ EXO-L တွေနဲ့ ဆုံတွေ့ခွင့်ရတာတွေအတွက် အရမ်းပျော်ပါတယ်” လို့ ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။
Baekhyun ကလည်း “၂၀၁၆ ခုနှစ်ထဲမှာ ပရိသတ်တွေကို ပျော်အောင်လုပ်ပေးဖို့ ကျွန်တော်တို့ ကတိပေးထားခဲ့တယ်လေ ကျွန်တော်တို့ ကတိတည်ခဲ့တယ် မဟုတ်လား? ၂၀၁၇ ခုနှစ်ထဲမှာ ပရိသတ်တွေကို ရယ်အောင်၊ ငိုအောင်၊ ပျော်ရွှင်ရအောင်၊ EXO အတွက် ဂုဏ်ယူရအောင် လုပ်နိုင်ဖို့ အကောင်းဆုံးကြိုးစား ပြင်ဆင်နေပါတယ်” လို့ ပြောသွားပါတယ်။
ဆုပေးပွဲကို တက်ရောက်လာတဲ့ အနုပညာရှင်အားလုံးက မတ်တပ်ရပ်ဂုဏ်ပြုပေးပြီး EXO အဖွဲ့က “Monster” သီချင်း encore performance နဲ့ ပိတ်သိမ်းခဲ့ပါတယ်။
ဆုပေးပွဲကျင်းပပြီးနောက်မှာ EXO အဖွဲ့က Seoul Music Awards ဆုပေးပွဲမှာ Grand Prize ဆုကို ၄ ကြိမ်ဆက်တိုက်ရရှိခဲ့တဲ့ ပထမဆုံးအနုပညာရှင်ဖြစ်လာတဲ့ စံချိန်တင်နိုင်တဲ့အတွက် ပျော်ရွှင်ပြီး ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။
Chanyeol က “ကျွန်တော်တို့ ပရိသတ်တွေက ကျွန်တော်တို့အတွက် အကောင်းဆုံးခွန်အားပါပဲ။ ကျွန်တော်တို့ အဖွဲ့သားတွေက တစ်ယောက်ကို တစ်ယောက် မီခိုအားထားပါတယ်။ အခက်အခဲတွေကို အတူတကွဖြတ်ကျော်ပြီး မိသားစုထက် ခိုင်မာတဲ့ ချည်နှောင်မှုတစ်ခုရှိပါတယ်” လို့ပြောပါတယ်။
၂၀၁၇ ခုနှစ်ထဲမှာ EXO အဖွဲ့က ဘာတွေဆက်လုပ်မယ်ဆိုတာကို Chen က “ကျွန်တော်တို့ စတင်ခဲ့တဲ့အတိုင်း ပြန်သွားမှာပါ။ ကျွန်တော်တို့အားလုံးက အကောင်းဆုံးဖျော်ဖြေမှုတွေကို တင်ဆက်ပေးတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ချင်ပါတယ်” လို့ပြောပါတယ်။ Baekhyun ကလည်း “ကျွန်တော်တို့က သီချင်းကောင်းတွေ အယ်လ်ဘမ်ကောင်းတွေ ဆက်ထွက်သွားမှာပါ။ ဒီနှစ်ထဲမှာ ကောင်းကောင်းလုပ်ပြီး နောက်နှစ် Seoul Music Awards ဆုပေးပွဲမှာ Grand Prize ဆုကို ထပ်ရနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ပြောသွားပါတယ်။
( RII )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : Soompi