Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Seoul Music Awards မှာ “WINGS” အတွက် Best Albumဆု အပါအဝင် ဆု၎ဆုရှိခဲ့တဲ့ BTSအဖွဲ့

Seoul Music Awards မှာ “WINGS” အတွက် Best Albumဆု အပါအဝင် ဆု၎ဆုရှိခဲ့တဲ့ BTSအဖွဲ့

| No comment

BTS အဖွဲ့က ၂၀၁၆ ခုနှစ်ထဲမှာ ထူချွန်ပြောင်မြောက်တဲ့ သီချင်းတွေအတွက် ၂၆ ကြိမ်မြောက် Seoul Music Awards ဆုပေးပွဲမှာ အသိအမှတ်ပြုခြင်းခံခဲ့ရပြီး တက်ရောက်လာတဲ့ အနုပညာရှင်တွေအားလုံးထဲမှာ ဆုအရေအတွက် အများဆုံးရရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်က ကျင်းပခဲ့တဲ့ ၂၆ ကြိမ်မြောက် Seoul Music Awards ဆုပေးပွဲကို နာမည်ကျော် K-Pop စတားတွေဖြစ်တဲ့ BTS, EXO, TWICE, GOT7, Red Velvet နှင့် အနုပညာရှင်များစွာ တက်ရောက်ခဲ့ပါတယ်။

ဆုပေးပွဲမှာ BTS အဖွဲ့က “Blood, Sweat and Tears” MV အတွက် Best Music Video Award ကိုရရှိခဲ့ပြီး Best Male Dance Performance Award နှင့် Bonsang (Main Prize) ဆုကိုလည်း ရရှိခဲ့ပါတယ်။
Bonsang ဆုလက်ခံစကားပြောကြားစဉ်မှာ Jin က ၂၀၁၇ ခုနှစ်ကို ဆုနှင့် စတင်ရတာ ဂုဏ်ယူစရာပါ လို့ပြောကြားပြီး Big Hit Entertainment မိသားစု၊ ထုတ်လုပ်သူ Bang Si Hyuk နှင့် တေးရေးများကို ကျေးဇူးတင်ခဲ့ပါတယ်။

သူက “ကျွန်တော်တို့ ပရိသတ်တွေဖြစ်တဲ့ အယ်လ်ဘမ်နာမည် ‘WINGS’ လိုပဲ ကျွန်တော်တို့ကို အတောင်ပံတွေပေးတဲ့ ARMY ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ အားလုံးပဲ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ။ ချစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Jungkook ကလည်း “၂၀၁၆ ခုနှစ်ထဲမှာ ကျွန်တော်တို့ အများကြီး ပြုံးရွှင်ခဲ့တယ်၊ အများကြီး ငိုကြွေးခဲ့တယ်၊ အလုပ်တွေ ကြိုးစားခဲ့တယ်၊ ဒါပေမယ့် ၂၀၁၇ ခုနှစ်မှာ ပြုံးရွှင်ရမယ့်ရက်တွေ ပိုများမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ BTS အဖွဲ့က music video နှင့် performance awards တွေလက်ခံရရှိစဉ်က ကျေးဇူးတင်စကားပြောခွင့်မရခဲ့တဲ့အတွက် Jimin ကလည်း သီချင်းဗီဒီယိုရိုက်ကူးပေးတဲ့ Lumpens နှင့် ကကွက်တီထွင်သူ Son Sung Deuk တို့ကို ကျေးဇူးတင်ခဲ့ပါတယ်။



BTS အဖွဲ့ရဲ့ ၄ ဆုမြောက်ကတော့ ၂၀၁၆ ခုနှစ်ထဲမှာ အောင်မြင်ခဲ့တဲ့ “WINGS” အတွက် Best Album Award ပဲဖြစ်ပါတယ်။ ဆုကြေညာပြီးတော့ အဖွဲ့ခေါင်းဆောင် Rap Monster က “ARMY တွေက အကောင်းဆုံးပဲ မဟုတ်လား? မနှစ်တုန်းက ကျွန်တော်တို့ရဲ့ အာဘော်ဖြစ်တဲ့ ‘The Most Beautiful Moment in Life’ နဲ့ လူငယ်အတွက် အချစ်တွေအများကြီး လက်ခံရရှိခဲ့ပါတယ်။ ကျွန်တော့်အထင်တော့ လတ်တလောမှာ လူငယ်တွေက တကယ်အခက်အခဲကြုံနေရပါတယ်။ စိတ်ထဲမှာပဲဖြစ်ဖြစ် အပြင်ပန်းမှာပဲဖြစ်ဖြစ် လူငယ်အချင်းချင်းတွေ့ရင် ‘ငါ အခက်အခဲကြုံနေရတယ်’ ဆိုတာမျိုးနဲ့ စကားစပြီး အဲ့ဒါနဲ့ပဲ အဆုံးသတ်တတ်ကြတယ်” လို့ပြောပါတယ်။

Rap Monster က ဆက်လက်ပြီးတော့ BTS အဖွဲ့ လုပ်နိုင်တာက လူငယ်တွေကို ကိုယ်စားပြုပြီးတော့ သီချင်းတွေကနေတဆင့် ငယ်ရွယ်သူတွေရဲ့ ဇာတ်လမ်းကို ပြောပြသွားရမှာဖြစ်တယ်လို့ ယုံကြည်ကြောင်း ရှင်းပြပါတယ်။ “ ‘ပျော်ပျော်နေကြရအောင်’လို့ပြောပြီး စနောက်တဲ့အနေနဲ့ ဒီနေ့ ‘Fire’ ကို စခဲ့မိတယ်။ ဒါပေမယ့် ၂၀၁၇ ခုနှစ်က လူငယ်တွေ ပြုံးရွှင်နိုင်တဲ့ ပျော်စရာနှစ်တစ်နှစ်ဖြစ်ပါစေလို့ တကယ်မျှော်လင့်ပါတယ်” လို့ ပြောသွားပါတယ်။

ဆုပေးပွဲကျင်းပပြီးနောက်မှာ BTS အဖွဲ့သားတွေက ဓာတ်ပုံတွေ ဗီဒီယိုအတိုလေးတွေကို Twitter မှာ တင်ရင် ပရိသတ်တွေကို ကျေးဇူးတင်ပြီး ဆုရရှိတဲ့အတွက် အောင်ပွဲခံခဲ့ပါတယ်။
လတ်တလောမှာ BTS အဖွဲ့က “WINGS” အယ်လ်ဘမ်ရဲ့အဆက်ကို ဖေဖော်ဝါရီလထဲမှာ ထွက်နိုင်အောင် လှုပ်ရှားနေပါတယ်။




( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Soompi