Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , “Shape of You” သီချင်းနဲ့ Billboard မှာ နံပါတ်တစ်ဖြစ်နေတဲ့ Ed Sheeran

“Shape of You” သီချင်းနဲ့ Billboard မှာ နံပါတ်တစ်ဖြစ်နေတဲ့ Ed Sheeran

| No comment

အသက် ၂၅ နှစ်အရွယ် ဗြိတိန်အဆိုတော် Ed Sheeran ကတော့ သူ့ရဲ့ comeback မှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနေပါတယ်။ သူကတော့ Single နှစ်ပုဒ်ကို ထွက်ရှိလာခဲ့တာဖြစ်ပြီး “Shape of You” နဲ့ “Castle on the Hill” သီချင်းတွေဖြစ်ပါတယ်။

Billboard ရဲ့ Top 100 မှာ Single နှစ်ပုဒ်လုံး တစ်ပြိုင်နက်ရပ်တည်နိုင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လာခဲ့ပြီး “Shape of You” သီချင်းက နံပါတ်တစ်နဲ့ “Castle on the Hill” သီချင်းက နံပါတ်ခြောက်နေရာမှာရပ်တည်လျက်ရှိနေတာပါ။

သူ့အနေနဲ့ promo track တွေအဖြစ် ဒီနှစ်ပုဒ်ကို ဖြန့်ချိပေးခဲ့တာဖြစ်ပြီး လောလောဆယ်မှာတော့ သူ့ရဲ့ အောင်မြင်မှုအတွက် အတော်လေးကို ဂုဏ်ယူနေပါတယ်။ သူ့အနေနဲ့ အယ်လ်ဘမ်တစ်ခုလုံးဖြန့်ချိမယ့်အချိန်ကိုလည်း မစောင့်နိုင်အောင်ဖြစ်နေတယ်လို့ Ed Sheeran က ပြောကြားခဲ့ပါတယ်။


“Shape of You” သီချင်းကတော့ ထွက်ရှိညီ့း တစ်ပတ်အတွင်းမှာတင်ပဲ ဒေါင်းလုဒ်အကြိမ်ရေ ၂၄၀၀၀၀ အထိ ရယူနိုင်ခဲ့ပြီး streaming နားထောင်မှု အကြိမ်ရေ သန်း ၂၀ နဲ့အတူ ရေဒီယိုတွေကနေလည်း အကြိမ်ရေပေါင်း ၅၇ သန်း လွှင့်ခဲ့ရတဲ့ အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ Ed Sheeran ကတော့ သူ့အနေနဲ့ U.S. မှာ အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်ခဲ့တာကြောင့် ပိုပြီးဝမ်းသာမိတယ်လို့ ပြောပါတယ်။

Spotify မှာတော့ Shape of You သီချင်းဟာ လောလောဆယ်မှာ နိုင်ငံပေါင်း ၃၉ နိုင်ငံမှာ နံပါတ်တစ်ဖြစ်နေတယ်လို့ သိရပါတယ်။ Ed Sheeran ဟာ သူ့ရဲ့ အယ်လ်ဘမ်သစ် “Divide” ကို လာမယ့် မတ်လ ၃ ရက်နေ့မှာ ထွက်ရှိသွားမှာဖြစ်ပြီး အမှန်တကယ်တော့ ပြီးခဲ့တဲ့ နိုဝင်ဘာတည်းက ထွက်ရှိဖို့ရှိနေတာပါ။ ဒါပေမယ့်လည်း Ed Sheeran က စိတ်ပြောင်းပြီး ထုတ်မယ့်ရက်ကို ရွှေ့လိုက်တာဖြစ်တယ်လို့ သိရပါတယ်။



Ed Sheeran ဟာ “Thinking out Loud” သီချင်းနဲ့ နာမည်ကြီးလာသူဖြစ်ပြီး  သီချင်းအရေးကောင်းသူတစ်ယောက်ဖြစ်တာကြောင့် တေလာဆွစ်ဖ်နဲ့ Justin Bieber တို့ရဲ့ နာမည်ကျော်သီချင်းတွေကိုလည်း ရေးစပ်ပေးခဲ့သူပဲဖြစ်ပါတယ်။


အောက်မှာတော့ Billboard Top 10 List ကို ဖော်ပြပေးလိုက်ပါတယ်။



  1. "Shape of You" - Ed Sheeran
  2. "Bad and Bounjee" - Migos
  3. "Black Beatles" - Rae Sremmurd featuring Gucci Mane
  4. "Starboy" - The Weeknd featuring Daft Punk
  5. "Closer" - The Chainsmokers featuring Halsey
  6. "Castle on the Hill" - Ed Sheeran
  7. "24K Magic" - Bruno Mars
  8. "Don't Wanna Know" - Maroon 5 featuring Kendrick Lamar
  9. "Side to Side" - Ariana Grande featuring Nicki Minaj
  10. "Bad Things" - Machine Gun Kelly featuring Camila Cabello



( Mocha )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Aceshowbiz